စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဒေါ်စုနေအိမ် ပြင်ဆင်မှု ရပ်နားရ

ဒေါ်စုနေအိမ် ပြင်ဆင်မှု ရပ်နားရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


ချင်းမိုင် (မဇ္ဈိမ)။    ။ ဒေါ်အောင်ဆန်းစုကြည် နေထိုင်သော အင်းလျားလမ်း နေအိမ် ပြင်ဆင်နေသည်ကို အကိုဖြစ်သူ ဦးအောင်ဆန်းဦးက ကန့်ကွက်သဖြင့် ရပ်နားထားရကြောင်း ဦးဥာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် နေအိမ် ပြင်ဆင်နေသည်ကို ဦးအောင်ဆန်းဦး၏ ရှေ့နေ ဦးဟန်တိုးက ယမန်နေ့တွင် ကန့်ကွက်လိုက်သဖြင့် ရပ်ဆိုင်းထားရမည်ဟု ရန်ကုန်တိုင်း စည်ပင်မှ ဦးဥာဏ်ဝင်းထံ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

“မနေ့က စာနဲ့လာပါတယ်။ မြို့တော် စည်ပင်သာယာက ဦးအောင်ဆန်းဦးရဲ့ ရှေ့နေက ကန့်ကွက်ထားလို့။ စုံစမ်းနေစဉ်အတွင်း အိမ်ပြင်ဆင်တာကို ရပ်ဆိုင်းထားပါ။ အဲဒီလို စာတကြောင်းပဲ ပါတယ်” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

မြို့တော် စည်ပင်သာယာ၏ ခွင့်ပြုချက်အရ အပေါ်ထပ်ရှိ ဝရန်တာတွင် အုတ်စီ၊ အခန်းဖွဲ့ခွင့်ကို ပြီးခဲ့သည့် လလယ်ခန့်မှစ၍ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလအတွင်း အပြီးသတ် ပြင်ဆင်ရန် ခွင့်ပြုထားရာမှ ယခုလို ရပ်နားလိုက်ရခြင်း ဖြစ်သည်။

ယခုလ ၁၅ ရက်နေ့ကလည်း ဦးအောင်ဆန်းဦး၏ ကိုယ်စားလှယ် ဦးစိုးဝင်းနိုင်ဆိုသူသည် မြို့တော် စည်ပင်သာယာရေးသို့ အိမ်ပြင်ဆင်ခွင့် မရှိကြောင်း နှုတ်ဖြင့် ကန့်ကွက်ခဲ့သေးသည်။

ယင်းသို့ အိမ်ပြင်ဆင်နေသည်ကို ရပ်ထားရန် ကန့်ကွက်မှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက မြို့တော် စည်ပင်သာယာရေးနှင့် သက်ဆိုင်ရာ သတင်းတပ်ဖွဲ့များထံသို့ ယနေ့ စာပို့မည်ဟု သိရသည်။

ဆိုင်းငံ့ပြစ်ဒဏ် ထောင်ဒဏ် ၁၈ လ ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှု အယူခံနှင့် ပတ်သက်၍မူ ယနေ့တွင် ဒေါ်ဆောင်ဆန်းစုကြည်နှင့် သူ၏ ရှေ့နေ ၄ ဦးတို့ တွေ့ဆုံ ဆွေးနွးကြမည် ဖြစ်သည်။

(ကိုဝိုင်း တည်းဖြတ်သည်။)


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1441 guests online