စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > လှိုင်သာယာ ဆန္ဒပြပွဲ သဘောတူညီမှုရ

လှိုင်သာယာ ဆန္ဒပြပွဲ သဘောတူညီမှုရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


ချင်းမိုင်(မဇ္ဈိမ) ။     ။ လုပ်ခ နှုန်းထားနှင့် ပတ်သက်၍ သဘောတူညီမှု ရရှိပြီးနောက် လှိုင်သာယာမြို့နယ် စက်မှုဇုန် ၃ ရှိ Wong Hong Hung စက်ရုံတွင် ဆန္ဒပြမှုမှာ ပြီးဆုံးသွားခဲ့သည်။

အလုပ်သမား ၁ ထောင်ကျော်တို့က နေ့စားလုပ်ခများ တိုးပေးရေး၊ သာယာသော လုပ်ငန်းခွင် ဖန်တီးရေးနှင့် ကျန်းမာရေးဆိုင်ရာ အခွင့်အလမ်းများ ပေးရန်များ အပါအဝင် တောင်းဆိုချက် ၁၂ ချက်ကို တောင်းဆို ဆန္ဒပြရာ ယနေ့ မွန်းလွဲ ၂ နာရီကျော်တွင် အလုပ်ရှင်နှင့် သဘောတူညီမှု ရသွားသည်။

“ဒီနေ့က သူတို့က အလုပ်သမားတွေက ဒေးကြေး ၃၀ ကနေ ၄၀ ပေးလိုက်တယ်။ fery နှုန်းအရင်က ၈၀ မပေးဘူး။ ခရီးစရိတ် ၈၀ အစားကနေ ၁၀၀ တိုးပေးလိုက်တယ်။ ၂ နာရီခွဲမှာ အလုပ်ရှင်နဲ့ အလုပ်သမားတွေ ပြေလည်သွားတယ်။ ၁၂ ချက်လုံးရသွားပြီ”ဟု မဇ္ဈိမကို ပြောသည်။

ယင်းတောင်းဆိုချက်များ အားလုံး ရရှိမည် ဖြစ်ပြီး လစာထုတ်ပေးသည့် ရက်တွင် Ferry ထုတ်ပေးခြင်း မဟုတ်ဘဲ ခရီးစရိတ် ၈၀ ပေးရာမှ ၁၀၀ ကျပ်သို့ တိုးမြင့်ပေးကာ ယနေ့ ၁၇ ရက်နေ့ အတွက်လည်း လုပ်အားခ ရရှိမည်ဖြစ်ကြောင်း သိရသည်။

ဆန္ဒပြမှု မီးပွား မကူးစက်စေရန် အာဏာပိုင်များဘက်မှ စိုးရိမ်မှု ရှိနေပြီး ရန်ကုန်တိုင်း ဒု-တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း ဦးဆောင်ပြီး အလုပ်သမားဝန်ကြီး-ဒုဝန်ကြီး ဗိုလ်မှူးချုပ် တင်ထွန်းအောင်၊ ရဲတပ်ရင်း ကွပ်ကဲရေးမှူးချုပ် ရဲမှူးကြီး မြင့်စိန်တို့ ပါဝင်သော အဖွဲ့က ဆန္ဒပြရာသို့ ရောက်ရှိခဲ့ကာ လုံခြုံရေးများ ထူထပ်ခဲ့သည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။

ဆန္ဒပြခေါင်းဆောင် ၂ ဦးဖြစ်သော မခင်သန္ဒာဦးနှင့် မဝေဝေလွင်အား စစ်အစိုးရမှ ဖမ်းဆီးမည် စိုးရိမ်မှုများလည်း ရှိနေသည်။

၁၄ ရက်နေ့ နေ့လည်ပိုင်းမှ အလုပ်သမားများ အလုပ်မဆင်းဘဲ တောင်းဆိုနေခဲ့သည်။

ရန်ကုန် စက်မှုဇုန်များရှိ စက်ရုံ အလုပ်ရုံများတွင် ဆန္ဒပြမှုမှာ မကြာခဏ ဖြစ်ပေါ်လေ့ ရှိသော်လည်း သတင်း အမှောင်ချထားမှုနှင့် ကြုံကြရသည်။

လုပ်အားခနှင့် ပတ်သက်၍ အဓိက ဆန္ဒပြမှုများဖြစ်ပြီး ကမ္ဘာ့စီးပွားရေး ကြပ်တည်းမှု၏ ကယက်ရိုက်ခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံ အလုပ်သမား သွေးစည်း ညီညွတ်ရေးအဖွဲ့မှ ကိုသံတုတ်က ပြောသည်။

“ကျနော်တို့ နိုင်ငံက ကုန်ကြမ်း မထုတ်နိုင်ဘူးလေ။ ကုန်ကြမ်းကို ဥပမာ သိုးမွေး၊ ချည်ထည်တွေကိုဆို တရုတ်၊ ထိုင်းစတဲ့ နိုင်ငံတွေကနေ ယူတာ၊ အဲဒီကုန်ကြမ်း အလိပ်လိုက်ကနေ၊ ကုန်ချောအဖြစ် ထုတ်တာ။ မြန်မာပြည်မှာက အလုပ်သမား ဈေးကွက်က အရမ်းပေါလို့ သူတို့ ဝင်လာတာ”ဟု ကိုသံတုတ်က ပြောသည်။

မလေးရှား နိုင်ငံသား Mr. Kung Ben Pho ပိုင်ဆိုင်သော စက်ရုံ၏ ထွက်ကုန်များကို မလေးရှားသို့ တင်ပို့သည်။

စက်ရုံတွင် အမျိုးသမီး ၁၇၀၀ ကျော်နှင့် အမျိုးသား ၅၀ ကျော် လုပ်ကိုင်နေသည်။ လုပ်သားများ၏ လစာနှုန်းမှာ ကျပ်သုံးသောင်းကျော်မှ ငါးသောင်းကျော်အတွင်း ရှိသည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1435 guests online