သောကြာ, ၁၂ မတ် ၂၀၁၀

Mizzima Burmese

Home > သတင်း > ပြည်တွင်းသတင်း > ဒီချုပ် ရုံးအတွင်း ကြံ့ဖွံ့များ ဝင်ပြီး လူ ၄ ဦး ဖမ်းဆီး

ဒီချုပ် ရုံးအတွင်း ကြံ့ဖွံ့များ ဝင်ပြီး လူ ၄ ဦး ဖမ်းဆီး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်။     ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်မြောက် မွေးနေ့ အခမ်းအနား ကျင်းပမည့် ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အဖွဲ့ချုပ်ရုံးအတွင်း ကြံ့ဖွံ့များ ဝင်ရောက်စီးနင်းကာ သံဃာတပါးနှင့် လူပုဂ္ဂိုလ် ၃ ဦးကို ဖမ်းဆီးသွားသည်။ 

ပြီးခဲ့သည့် နာရီပိုင်းက စွမ်းအားရှင်များသည် တားဆီးနေသည့် ကြားကပင် အခမ်းအနား ကျင်းပမည့် အချိန်ကို စောင့်ဆိုင်းနေသည့် အဖွဲ့ချုပ်ဝင် ၇ဝဝ ခန့်ရှိရာ ရုံးဝင်းအတွင်း ဝင်ရောက်ကာ အခမ်းအနား တက်ရောက်သူများထဲက သံဃာတော်တပါးနှင့် လူ ၃ ဦးကို ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“ဆွမ်းလောင်းပြီးတော့ ငှက်တွေ လွှတ်တယ်။ လူတွေက အော်တာပေါ့။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့။ အဲဒါ စွမ်းအားရှင်တွေ ရောက်လာတယ်။ ၄ ယောက်လောက်တော့ ပါသွားတယ်။ ဦးထွန်းမြင့်၊ ဘုန်းဘုန်းတပါးရယ်၊ နောက် ၂ ယောက်ရယ်” ဟု အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောသည်။

အဖွဲ့ချုပ် လူငယ်တဦးက “လုံခြုံရေး ချထားတယ်။ ဝင်ဖမ်းမှာ စိုးလို့။ ဝင်ဖမ်းတာဗျ။ စွမ်းအားရှင်ကားတွေနဲ့ ရုံးအရှေ့မှာ ရပ်လိုက်ပြီးတော့ ဝင်ဖမ်းတယ်။ အခု အရင်နေတဲ့ ရွှေတိဂုံဘုရားဘက်ကို သွားတဲ့ကွေ့မှာ ပြန်ရပ်နေတယ်။ ထောက်လှမ်းရေးတွေလည်း သူ့နေရာမှ ပြန်နေနေ ကြတယ်” ဟု ပြောသည်။

ရုံးအနီးတွင် လက်နက်ကိုင် လုံထိန်းတပ်သား၊ ရဲနှင့် ကြံ့ဖွံ့ စုစုပေါင်း ဦးရေ ၁ဝဝဝ ခန့် လုံခြုံရေး ချထားသည်။

“အားလုံးပေါင်း ၁ ထောင်လောက် ရှိတယ်။ ဒိုင်နာတွေနဲ့ဆို ၅-၇ ကားရှိတယ်။ ရဲကားတွေလည်း အများကြီး” ဟု အဖွဲ့ချုပ် လူငယ်က ပြောသည်။

ဦးဉာဏ်ဝင်းကလည်း “မနက်က ဆွမ်းလောင်းပါတယ်။ သံဃာတွေရော၊ မယ်သီလရှင်တွေရော ဆွမ်းလောင်းပါတယ်။ ရုံးပတ်ဝန်းကျင်မှာတော့ လုံခြုံရေး အကြီးအကျယ် ချထားပါတယ်။ လက်နက်ကိုင် လုံထိန်းကား ၄-၅-၆ စီး ရှိတယ်။ အရပ်ဝတ်နဲ့ လူတွေလည်း အများကြီး ချထား ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

နံနက်ပိုင်းတွင် သံဃာနှင့် သီလရှင် ၂ဝဝ ကျော်ကို ဆွမ်းကပ် လှူပြီးကတည်းက အာဏာပိုင်များနှင့် အန်အယ်ဒီ အဖွဲ့ဝင်များအကြား ထိပ်တိုက် တွေ့မှုများဖြစ်နေပြီး ယခု သတင်းပေးပို့ချိန်အထိ အဖွဲ့ရုံးကို ယာယီ ပိတ်ထားရသည်။
 
အဖွဲ့ချုပ် လူငယ်တဦးက “အခု ရုံးတွေပိတ်ထားရတယ်။ ခဏ။ ဆွမ်းကျွေးဖို့ ရှိတယ်။ ဘုန်းဘုန်းတွေကို အင်္ဂါနေ့တိုင်း ဆွမ်းလောင်းတာတွေ ဘာတွေ လုပ်ပြီးသွားပြီ။ ဆွမ်းကျွေးမလို့၊ မကျွေးရသေးဘူး” ဟု မဇ္ဈိမကို ပြောသည်။

မဇ္ဈိမက နောက်ဆုံး ဆက်သွယ်သည့် မြန်မာစံတော်ချိန် ၁၂ နာရီခွဲအထိ အာဏာပိုင်များနှင့် အန်အယ်ဒီ လူကြီးများ အကြားတွင် ညှိနှိုင်းနေဆဲ ဖြစ်သည်။

မွေးနေ့ အထိမ်းအမှတ်အဖြစ် ၁ဝ နာရီခွဲ - ၁၁ နာရီခန့်တွင် သံဃာ ၅ ပါးကို နေ့ဆွမ်းကပ်ရန် ဖိတ်ကြားထားသော်လည်း အာဏာပိုင်များက တားမြစ်သဖြင့် မကြွရောက်နိုင်ဟု ဦးဉာဏ်ဝင်းက ပြောသည်။
 

Donation

Email Subscribtion

Input Anti-Spam code.
777
Name:
Email:

Who is Online

We have 1167 guests online

Editor's choice

စစ်အစိုးရက ရွေးကောက်ပွဲ ပြင်ချိန် အတိုက်အခံ သဘောကွဲ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၀ မှာ ရွေးကောက်ပွဲတွေ ကျင်းပလိမ့်မယ်လို့ လူတိုင်းကို လိုက်ပြောနေပေမယ့် အရာအားလုံးကိုတော့ လျှို့ဝှက်ထား ......

ခြံရောင်းရန် ကြိုးစားသူကို ဒေါ်စု တရားစွဲမည်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ နေထိုင်သည့် ခြံဝင်းအတွင်းမှ မြေကွက်အချို့ကို ရောင်းချရန် ကြိုးစားနေသည့် ဆွေမျိုးတော်စပ်သူ...

ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ မဇ္ဈိမက လက်ခံရရှိ

စစ်အစိုးရက မနက်ဖြန်တွင် သတင်းစာမှတဆင့် ထုတ်ပြန်မည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ မိတ္တူကို မဇ္ဈိမက လက်ခံရရှိထားသည်။...

မြန်မာ ၂၁ ဦးပါ သင်္ဘောကို ဆိုမာလီဓါးပြများ ပြန်ပေးဆွဲ

မြန်မာနိုင်ငံသား ၂၁ ဦး ပါဝင်သည့်  နော်ဝေးနိုင်ငံသားပိုင် UTB Ocean သင်္ဘောကို ဆိုမာလီပင်လယ် ဓါးပြများက ယခင်အပတ်က...