ဗုဒ္ဓဟူး, ၁၉ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > စီးပွားရေးသတင်း > ထိုင်းစားသောက်ကုန် မြန်မာတွင် ရောင်းရန်စီစဉ်

ထိုင်းစားသောက်ကုန် မြန်မာတွင် ရောင်းရန်စီစဉ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။       ။ ထိုင်းနိုင်ငံ၏ အသင့်စား စားသောက်ကုန် လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံ ဈေးကွက်အတွင်း ၎င်းတို့၏ ထုတ်ကုန်များကို ရောင်းချနိုင်ရန် ပြင်ဆင်သည့်အနေဖြင့် ရန်ကုန်မြို့ Asia Plaza ဟိုတယ်တွင် ဇူလိုင်လ ၂၇ ရက်နေ့က ပြပွဲတခု ခင်ကျင်းပြသခဲ့ကြသည်။

လုပ်ငန်းရှင် ၁၇ ဦး ပါဝင်သည့် စားသောက်ကုန် လုပ်ငန်း ၁ဝ ခုက ၎င်းတို့ ထုတ်လုပ်သည့် အာလူးကြော်၊ ဆန်ဖြင့်
ပြုလုပ်သော မုန့်များ၊ မြေပဲဆံဖြင့် ပြုလုပ်ထားသော မုန့်များ၊ အဝတ်အထည် စသည်တို့ကို ထိုပြပွဲတွင် မိတ်ဆက်ပြသ ခဲ့ကြသည်။

“ကျနော်တို့ရဲ့ စားသောက်ကုန်တွေကို မြန်မာနိုင်ငံထဲမှာ စတင်ရောင်းချဖို့ လာရောက် လေ့လာတာပါ။ အရင်ကတည်း က မြန်မာနိုင်ငံမှာ ရောင်းချချင်ပေမယ့် အကြောင်း အမျိုးမျိုးကြောင့် အခွင့်မသာခဲ့ဘူး။ အခုတော့ ပြောင်းလဲလာတဲ့
နိုင်ငံရေး၊ စီးပွားရေး ပွင့်လန်းလာခြင်းရဲ့ အကျိုးဆက်အနေနဲ့ မြန်မာနိုင်ငံကို လာပြီး ကျနော်တို့ရဲ့ ထုတ်ကုန်တွေကို မိတ်ဆက်ခွင့်ရတာပါ။ ကျနော်တို့ရဲ့ အရသာရှိတဲ့ အစားအစာတွေကို မြန်မာနိုင်ငံမှာ ရောင်းချလိုပါတယ်” ဟု Khaotan မုန့်လုပ်ငန်း၏ ပိုင်ရှင်ဖြစ်သူ Mr Chanyut Inphrom က မဇ္ဈိမကို ပြောသည်။

၎င်းတို့၏ ထုတ်ကုန်များ မြန်မာနိုင်ငံအတွင်း စတင်ရောင်းချချိန်တွင် ရုံးခွဲများ ထားရှိမည် မဟုတ်ဘဲ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များဖြင့် ရောင်းချနိုင်ရန် ပြင်ဆင်လျက်ရှိသည် ဟုလည်း Mr Chanyut Inphrom က ပြောသည်။

ထိုကဲ့သို့ ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံအတွင်းသို့ ယင်းတို့၏ စားသောက်ကုန်များကို ရောင်းချရန်စီစဉ်လျက်ရှိရာ
မြန်မာ့အသေးစား စားသောက်ကုန်များကိုလည်း ပြည်ပ နိုင်ငံများ နည်းတူ ထုတ်လုပ်မှု အရည်အသွေးနှင့် ဝန်ဆောင်မှုများ ကောင်းမွန်အောင် စီမံပြင်ဆင်သင့်နေပြီဟု နိုင်ငံခြားဖြစ် အလှကုန်များ ရောင်းချသူ ဦးဇော်မင်း က ပြောသည်။

“အခုဆိုရင် ထိုင်းက အသေးစားလုပ်ငန်းတွေက မြန်မာနိုင်ငံတွင်းကို ဝင်လာဖို့ ပြင်ဆင်နေပြီ။ သိပ်မကြာခင်မှာလည်း တခြား ဒေသတွင်း နိုင်ငံတွေကလည်း ဝင်လာနိုင်တယ်။ ဒီတော့ ကိုယ့်နိုင်ငံတွင်းမှာရှိတဲ့ အသေးစား လုပ်ငန်းတွေ ကလည်း နောက်မကျန်ရစ်ခဲ့ဖို့ နည်းပညာပိုင်း၊ ဝန်ဆောင်မှုပိုင်းနဲ့ အရည်အသွေးပိုင်းတွေကို ပိုပြီး ကောင်းမွန်အောင် အခုကတည်းက ပြင်ဆင်ထားဖို့ လိုတယ်” ဟု ပြောသည်။

မြန်မာအပါအဝင် အာဆီယံ နိုင်ငံများအနေဖြင့် ၂ဝ၁၅ အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ခွင့်ဖြင့် ပြည်တွင်း၊ ပြည်ပသို့ ကုန်ပစ္စည်းများ လွတ်လပ်စွာ ကူးသန်း ရောင်းဝင်နိုင်တော့မည်ဖြစ်သည်။ ထိုအခြေအနေတွင် ပြည်တွင်းရှိ အသေးစား၊ အလတ်စား လုပ်ငန်းများအနေဖြင့် ဒေသတွင်း နိုင်ငံများမှ ထွက်ရှိသည့် ထွက်ကုန်များနှင့် ယှဉ်နိုင်ရန် ကြိုတင်ပြင်ဆင် ထားကြရန် လိုအပ်နေပြီဟု ဇူလိုင်လ ၂၇ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် ထုတ်လုပ်မှုနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံစက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ အမှုဆောင်အဖွဲ့ဝင် ဦးအောင်သိန်း က ပြောဆိုသွားသည်။

“ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းတွေအနေနဲ့ ကိုယ့်နိုင်ငံထဲမှာတင် မဟုတ်ဘဲ နိုင်ငံတကာနဲ့ ယှဉ်နိုင်ဖို့လိုတယ်။ အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ခွင့် စလာရင် ကျနော်တို့ဆီကို ကျန်တဲ့ အာဆီယံ ကိုးနိုင်ငံကလည်း ကျနော်တို့နဲ့တူတဲ့ ထုတ်ကုန်တွေကို အခွန်မပေးရဘဲ ဝင်လာရင် ဒီကလည်း အရည်အသွေးချင်း ဈေးနှုန်းချင်းယှဉ်ပြိုင်နိုင်ဖို့လိုအပ်တယ်” ဟု ပြောဆိုသွားခြင်း ဖြစ်သည်။

ထိုင်းနှင့် မြန်မာ ကုန်သွယ်မှုတွင် ၂ဝ၁၂ ခုနှစ်၊ ဇွန်လကုန်အထိ ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၈၄၃.၃၆ သန်း ရှိပြီး သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၂.ဝ၁ သန်း ရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။

၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် ထိုင်း-မြန်မာ ကုန်သွယ်မှုအခြေအနေမှာ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၈၂၃.၈၃ သန်းရှိပြီး သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၆၉၁.၁၅ သန်းရှိနေသည်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်၏ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၉ဝ၅.၁၈ သန်းရှိခဲ့ပြီး သွင်းကုန်တန်ဖိုးမှာ ၇ဝ၉.ဝ၉ သန်း အသီးသီးရှိခဲ့သည်ကိုလည်း အဆိုပါ ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းတွင် အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးများ ချထားပေး
  2. ပုသိမ်မှာ လူငယ်ဖွံ့ဖြိုးရေး သင်တန်းဖွင့်လှစ်
  3. ထိုင်းနိုင်ငံက ဆင်ဖြူတော် ငှားရမ်းမှု နိုင်ငံခြားရေးဝန်ကြီး ငြင်းဆန်
  4. ရုပ်သံ စတူဒီယို တည်ဆောက်မည့်မြေ ရောင်းချခြင်းအတွက် ဈေးနှုန်းသတ်မှတ်ရန် ဆွေးနွေး
  5. သတင်းမှားယွင်းသည်ဆိုသော စွပ်စွဲချက်ကို နိုင်ငံပိုင်သတင်းစာက ပြန်လည်ဖြေရှင်းရန် Daily Eleven က တောင်းဆို
  6. ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒုဗိုလ်ချုပ်ကြီး ရွက်ဆစ် ဒေသခံများနှင့် ဆွေးနွေးမည်
  7. ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ကိုယ်စားပြုပါတီ ငါးပါတီ ၂ဝ၁၅ မတိုင်မီ အခြေခံဥပဒေပြင်နိုင်ရေး ဆွေးနွေး
e-letter-burmese

Who is Online

We have 167 guests online