တနင်္လာ, ၂၀ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > စီးပွားရေးသတင်း > ရေနံနှင့် သတ္တုတူးဖော် ကုမ္ပဏီများ အခွန်နှင့် အမြတ် ချပြရတော့မည်

ရေနံနှင့် သတ္တုတူးဖော် ကုမ္ပဏီများ အခွန်နှင့် အမြတ် ချပြရတော့မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နိုင်ငံတကာတွင် ကျင့်သုံးသော ပွင့်လင်းမြင်သာမှု စံနှုန်း (EITI)ကို မြန်မာအစိုးရက စတင်ကျင့်သုံးရန် ကြိုးပမ်းနေပြီ
ဖြစ်သဖြင့် များမကြာမီ ကာလတွင် နိုင်ငံအတွင်း၌ ရေနံ၊ သဘာဝဓါတ်ငွေ့နှင့် သတ္တုတူးဖော်နေသော ကုမ္ပဏီများ၏ အခွန်ဆောင်မှုနှင့် အမြတ်ရရှိမှု အခြေအနေများကို ပြည်သူကို ချပြရတော့မည် ဖြစ်သည်ဟု EITI အဖွဲ့မှ Head of Secretariat (အတွင်းဝန်ချုပ်) Mr. Jonas Moberg က ပြောသည်။

ယင်းအတွက်ကြောင့် အစိုးရက ရေနံ၊ သဘာဝဓါတ်ငွေ့နှင့် သတ္တုတွင်းကဏ္ဍများမှ ဝင်ငွေ မည်မျှရနေသည်ကိုပါ ဆက်စပ် သိရှိနိုင်သည်ဟုလည်း ဆိုသည်။

EITI (Extractive Industries Transparency Initiative) စံနှုန်းသည် ပွင့်လင်းမြင်သာမှုကို ပြသခြင်းဖြစ်သဖြင့် လာဘ်စားနိုင်သည့် အခြေအနေများ နည်းသည်ထက် နည်းလာစေနိုင်သည့် အကျိုးကျေးဇူး ရှိသလို၊ ယုံကြည်စိတ်ချရသည့် အစိုးရကောင်း တရပ်အဖြစ် ပြည်သူ၏ ယုံကြည်မှုကိုလည်း တည်ဆောက်နိုင်မည်ဟု Mr.Moberg က ထပ်လောင်း ရှင်းလင်း ပြောကြားသည်။

“ကျနော်တို့ကတော့ ပွင့်လင်းမြင်သာမှုရှိအောင် ကြိုးစားသွားပါမယ်။ အရာရာတိုင်းကို လူထုဆီ ချပြနိုင်အောင် ကြိုးစားမှာပါ” ဟု ၎င်းက ဆိုသည်။

EITI အဖွဲ့နှင့် ပြည်ထောင်စုဝန်ကြီးအချို့တို့ ဇူလိုင်လ ၁၆ ရက်က တွေ့ဆုံခဲ့ကြပြီး မြန်မာအစိုးရ အနေဖြင့် EITI စံနှုန်း ကျင့်သုံးရန် စိတ်ဝင်စားမှုရှိကြောင်း အတည်ပြုခဲ့ပြီး ၎င်းစံနှုန်းကို လုပ်ဆောင်မည်ဟုလည်း ကတိကဝတ် ပြုခဲ့သည်ဟု EITI အဖွဲ့က ဆိုသည်။

မြန်မာအစိုးရကို ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် ပွင့်လင်းမြင်သာမှု အားနည်းသည်ဟု ဝေဖန် ထားသည့်
ဒေါ်အောင်ဆန်းစုကြည်ကလည်း ယင်းကိစ္စအပေါ် “ဒါဟာ အစကောင်းပဲ။ ဒါပေမယ့် ဒီနေရာမှာတင် ရပ်လိုက်ရမှာ မဟုတ်ဘူး” ဟု EITI အဖွဲ့နှင့် တွေ့ဆုံစဉ် မှတ်ချက်ပြုလိုက်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ၌ ကြီးမားစွာ ရင်းနှီးမြှုပ်နှံနေသည့် TOTAL ကုမ္ပဏီနှင့် ရင်းနှီးမြှုပ်နှံမှု ပြန်စတင်မည့် Chavron ကုမ္ပဏီတို့ကလည်း EITI လုပ်ငန်းစဉ်တွင် ပူးပေါင်း ကူညီရန် ဆန္ဒရှိနေသည်ဟု Mr.Moberg ထံမှ သိရသည်။

မြန်မာအစိုးရက EITI ၏ ပွင့်လင်းမြင်သာမှု စံနှုန်းကို ကျင့်သုံးရန် စတင် အကောင်အထည် ဖော်လိုက်သည်နှင့် နိုင်ငံ အတွင်းရှိ စွမ်းအင်နှင့်သတ္တုတွင်းလုပ်ငန်း လုပ်ကိုင်နေသည့် ကုမ္ပဏီ အားလုံး EITI အဖွဲ့ထံ အစီရင်ခံစာ တင်ရမည်
ဖြစ်သည်။

EITI ကျင့်သုံးမည့် နိုင်ငံတို့တွင် အမျိုးသားကော်မတီတရပ် ရှိရမည်ဖြစ်သလို ရပ်ရွာအခြေပြု လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းခြင်း၊ လွတ်လပ်မှုရှိသည့် ဝါရင့်ပညာရှင်များကို Focal Point (အခရာ နေရာ)အဖြစ် ခန့်ထားခြင်း၊ ယင်းကိစ္စတွင် ပါဝင်ပတ်သက်သူများကို အဖွဲ့အစည်း တည်ထောင်ပေးခြင်းတို့ လုပ်ရန် လိုအပ်သည်ဟု EITI အဖွဲ့က ဆိုသည်။

မြန်မာနိုင်ငံ အစိုးရအစဉ်အဆက် ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့သည့် ရေနံ၊ သဘာဝဓါတ်ငွေ့ စီမံကိန်းများနှင့် ပတ်သက်သည့် ဝင်ငွေ၊ အမြတ်၊ အခွန်ရရှိမှုတို့ကို မကြာသေးမီက ပထမဆုံး အကြိမ်အဖြစ် စွမ်းအင်ဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သေး သည်။

ကမ္ဘာပေါ်တွင် EITI စံနှုန်းကျင့်သုံးသည့် နိုင်ငံပေါင်း ၃၆ နိုင်ငံရှိပြီး၊ မြန်မာအပါအဝင် EITI စံနှုန်း ဖော်ဆောင်မည်ဟု ကတိကဝတ် ပေးထားသော အခြားနိုင်ငံများလည်း ရှိသည်ဟု သိရသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 73 guests online