စနေ, ၀၄ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > စီးပွားရေးသတင်း > မြစ်ထဲသွန်ချင်နေတဲ့ ရေနံချောင်းကြက်သွန်

မြစ်ထဲသွန်ချင်နေတဲ့ ရေနံချောင်းကြက်သွန်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ)။      ။ လတ်တလော ကြက်သွန်နီဈေး ကျဆင်းမှုကြောင့်  ကြက်သွန်ဈေး အသင့်အတင့် ပြန်လည်ရရှိရေး ဆောင်ရွက်ပေးရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ရေနံချောင်းမြို့နယ် ကြက်သွန်စိုက် တောင်သူများနှင့် ကုန်သည်များက စုပေါင်းလက်မှတ်ထိုးကာ စာပို့မည်ဖြစ်ပြီး တစုံတရာ ထူးခြားမှုမရှိပါက ဧရာဝတီမြစ်ထဲသို့ ကြက်သွန်များကို သွားရောက်သွန်ပစ်မည်ဟုဆိုသည်။

“ ကျနော်တို့ ဆုံးရှုံးထားတာက သိန်း ၃ဝဝ လောက် ဆုံးရှုံးထားတာဆိုတော့ သုံးလေးသိန်း ဘိုးလောက်တော့ ကျနော်တို့ သွန်ပစ်နိုင်တယ်” ဟု ရေနံချောင်းမြို့ ရှိ ကြက်သွန်ပိဿာ တသိန်းခန့် လှောင်ထားသော ကုန်သည်တဦးက ပြောသည်။
kyattoon1
စည်ပင်သာယာနှင့် မယက(မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ)တို့ကို ခွင့်တောင်းပြီး ကြက်သွန် သွန်ပွဲလုပ်ရန် ကြံစည်နေကြသည်။

ယခုနှစ် အစောပိုင်းက ပုဂံတွင်ပြုလုပ်သော ကြက်သွန်ကုန်သည်များ အစည်းအဝေးတွင် ဒုတိယ ကုန်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ်အောင်ထွန်းက ကြက်သွန်ဈေး ၂၇၅ ကျပ်အောက် မရောက်စေရဘူးဟု ကတိစကား ပြောဆိုခဲ့ပြီးနောက် ကြက်သွန်ပိုမို ဝယ်လှောင်သူများ ရှိခဲ့ကြောင်း ကုန်သည်များက ပြောသည်။

ရေနံချောင်းမြို့နယ်တွင် ကြက်သွန် တပိဿာ ၁ဝဝ ဝန်းကျင် ဈေးပေါက်နေပြီး လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက ရန်ကုန် ရွှေပြည်သာမြို့နယ်တွင် ကြက်သွန် တပိဿာဝယ်လျှင် ၅ဝ ကျပ်သား အလကားပေးသော ဆိုင်များ ပေါ်ပေါက်ခဲ့သည်။

“စားသုံးသူကတော့ ဒီဈေး ကြိုက်တာပေါ့ဗျာ။ ဒါပေမယ့် ဟိုမှာက မခံနိုင်တော့ဘူး ဖြစ်နေတယ်။ ကျနော်တို့ ရေနံချောင်းမှာက ကြက်သွန်နဲ့ မကင်းကြဘူးဗျ။ ရွာပေါင်း ခြောက်ဆယ်လောက်က ကြက်သွန်စိုက်ကြတယ်။ အဲဒီတော့ ကြက်သွန်ဈေး ကျဆင်းသွားတဲ့အတွက် သူတို့ဝင်ငွေတွေ၊ ဝင်ငွေတင် မကပါဘူးဗျာ သူတို့ အကြွေးပါ တင်နေကြတယ်” ဟု စစ်အစိုးရထံ စာရေးသား ပေးပို့ရာတွင် ပါဝင်ကူညီသော လူငယ်တဦးက ပြောသည်။

kyattoonယမန်နှစ် နှောင်းပိုင်းက ကြက်သွန်ဈေး အလွန်အမင်း တက်သွားပြီးနောက် ပြည်ပတင်ပို့ခွင့်ကို ကုန်သွယ်ရေးက ပိတ်ပင်ခဲ့သည်။ ဈေးကောင်းမှုက တောင်သူများကို စိုက်နှုန်းတိုးစေကာ အဆမတန် ပိုလျှံကုန်တော့သည်။

ထိုင်း၊ တရုတ်နှင့် အိန္ဒိယနိုင်ငံများမှာ မြန်မာ့ကြက်သွန် တင်ပို့နိုင်သော ဈေးကွက်များ ဖြစ်သည်။

ကြက်သွန်ဈေး တက်သွားတိုင်း အာဏာပိုင်များက ပြည်ပတင်ပို့ခွင့် ပိတ်ပင်မှု လုပ်လိုက်၊ ဈေးကျလျှင် ပြန်ဖွင့်ပေးလိုက် လုပ်ခဲ့သည်။

ကြက်သွန်ဈေး ထိုးကျသည့် ဒဏ်ကို တောင်သူနှင့် ကုန်သည်များ ၂ဝဝ၇ နှင့်၂ဝဝ၈ ခုနှစ်များကလည်း ကြုံတွေ့ခဲ့ရသည်။


 
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1160 guests online