ဗုဒ္ဓဟူး, ၂၂ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ဂျာနယ်များ ပိတ်ပင်မှုကို ဆန့်ကျင်ကြောင်း သမ္မတထံ စာပို့မည်

ဂျာနယ်များ ပိတ်ပင်မှုကို ဆန့်ကျင်ကြောင်း သမ္မတထံ စာပို့မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ)။   ။ စာပေစိစစ်ရေး စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သည်ဟု ဆိုကာ ဇူလိုင်လအတွင်းက ဂျာနယ်နှစ်စောင် ထုတ်ဝေခွင့် ရပ်ဆိုင်းလိုက်ခြင်းအား ကန့်ကွက်သည့် ဆန္ဒသဘောထား ကြေညာချက်ကို သမ္မတနှင့် လွှတ်တော် ဥက္ကဋ္ဌများထံသို့ မြန်မာနိုင်ငံမှ စာနယ်ဇင်းသမားများ လက်မှတ်ရေးထိုးပေးပို့ရန် စီစဉ်လျက်ရှိသည်။

“ဒီနေ့ညနေက အဲဒီအတွက် အစည်းအဝေးလုပ်တာ သတင်းထောက် ၆၀ လောက် တက်ပါတယ်။ သူတို့က ပြန်ပြီး သူတို့ရဲ့တိုက်တွေက သတင်းထောက်တွေနဲ့ နီးစပ်ရာ သတင်းထောက်တွေဆီမှာ လက်မှတ်ယူမယ်။ ‘Stop killing the press’ စာတမ်းပါ အမည်းရောင် တီရှပ်တွေကို ၀တ်ပြီး မနက်ဖြန် စာပေပွဲ လေးပွဲမှာ စာပေနယ်ကလူတွေရဲ့ လက်မှတ်တွေ ယူသွားမယ်” ဟု သတင်းလွတ်လပ်ခွင့် ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်သက်ထွေး က ပြော
သည်။

ဇူလိုင်လ ၃၁ ရက်နေ့က ပြန်ကြားရေး ၀န်ကြီးဌာနအောက်ရှိ အောက်မြန်မာနိုင်ငံ စာပေစိစစ်ရေး အဖွဲ့က The Voice Weekly ဂျာနယ်နှင့် The Envoy ဂျာနယ်များကို ထုတ်ဝေခွင့် ရပ်ဆိုင်းခဲ့သည်။

အဆိုပါ လုပ်ရပ်ကို ကန့်ကွက်သည့်အနေဖြင့် သြဂုတ်လ ၁ ရက်နေ့တွင် သတင်းထောက်များက ရန်ကုန်မြို့၌ သတင်းလွတ်လပ်ခွင့် ကော်မတီ (ယာယီ) ကို ဖွဲ့စည်းခဲ့ကာ သဘောထား ကြေညာချက်တခု ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်တွင် အပိတ်ခံထားရသော ဂျာနယ်များကို ချက်ချင်းထုတ်ဝေခွင့် ပေးရန်၊ မီဒီယာများကို ဖိနှိပ်ထားသည့် ဥပဒေများကို ပယ်ဖျက်ပေးရန်၊ မီဒီယာများကို ထပ်မံအရေးယူမှုများ မပြုလုပ်ရန်၊ ကျင့်ဝတ်နှင့်
အညီ ရေးသားမှုများကို တရားစွဲဆိုခြင်း မပြုရန်၊ လတ်တလော ဖြစ်ပွားနေသော စာပေလွတ်လပ်ခွင့် ဆုံးရှုံးနေမှုများ
ကို နိုင်ငံတော်၏ တာဝန်အရှိဆုံး ပုဂ္ဂိုလ်က အမြန်ဆုံး ဖြေရှင်းပေးရန် စသည်တို့ ပါဝင်သည်။ ယခု လက်မှတ်ထိုး ဆန္ဒဖော်ထုတ်ခြင်းကိုလည်း အဆိုပါ ကော်မတီက ဦးစီးဆောင်ရွက်နေခြင်း ဖြစ်သည်။

ကော်မတီ၏ ကြေညာချက်များနှင့် သင်းထောက်များ၏ ဆန္ဒသဘောထားကို သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနှင့် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌတို့ထံသို့ သတင်းထောက်များ၏ လက်မှတ်များနှင့်အတူ ပေးပို့သွားမည် ဖြစ်သည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 235 guests online