တနင်္လာ, ၂၀ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > မြန်မာနိုင်ငံခြားရေးဝန်ကြီး တရုတ်ပြည် သွားမည်

မြန်မာနိုင်ငံခြားရေးဝန်ကြီး တရုတ်ပြည် သွားမည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။         ။ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် သည် ဇွန်လ ၉ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်နိုင်ငံသို့ လာရောက်မည်ဟု ဆင်ဟွာ သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Liu Weimin က အင်္ဂါနေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြား လိုက်ခြင်း ဖြစ်ကြောင်း ရေးသားထားသည်။

တရုတ်နိုင်ငံအနေနှင့် ၎င်းတို့၏ လုပ်ငန်းရှင်များအား မြန်မာနိုင်ငံတွင်း လျှပ်စစ်အား မလုံလောက်မှုနှင့် ပတ်သက်၍ ကူညီနိုင်ရန်အတွက် မြန်မာ့လျှပ်စစ်ဖြန့်ဖြူးရေးစနစ်နှင့် ပတ်သက်၍ အဆင့်မြှင့်တင်နိုင်ရန် ဆွေးနွေးပူးပေါင်း
ဆောင်ရွက်ကြဖို့ မေလ ၃၁ ရက်နေ့က တိုက်တွန်းထားသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ရောက်ရှိစဉ်
မြန်မာ-တရုတ် ချစ်ကြည်ရေးနှင့် ပတ်သက်၍ ပိုမိုတိုးတက်ရန် မျှော်လင့်ထားကြောင်း ဆင်ဟွာသတင်းဌာနကို
ပြောဆိုခဲ့သည်။

“မြန်မာဟာ ပါလီမန် ဒီမိုကရေစီ နိုင်ငံတခုပါ။ ကျမတို့ဟာ တရုတ်ပြည်ရဲ့ အလွန်ကောင်းတဲ့ မိတ်ဆွေတွေပါ။ ကျမတို့
ပြည်သူတွေချင်းကြားမှာ ပိုလို့ပိုလို့ ကျယ်ပြန့်တဲ့ ချစ်ကြည်ရေး အလားအလာတွေ ရှိနေပါတယ်။ အထူးသဖြင့် လူငယ်တွေကြားမှာပါ” ဟု ဇွန်လ ၁ ရက်နေ့က ပြောဆိုခဲ့သည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 243 guests online