သောကြာ, ၂၄ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ဒေါက်တာတူးဂျာ ကချင်တိုင်းရင်းသားပါတီ တည်ထောင်မည်

ဒေါက်တာတူးဂျာ ကချင်တိုင်းရင်းသားပါတီ တည်ထောင်မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ)။      ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO  ဒုဥက္ကဌဟောင်း ဒေါက်တာတူးဂျာ သည် ကချင် တိုင်းရင်းသားပါတီတခု တည်ထောင်ရန် စီစဉ်နေသည်ဟု သိရသည်။

ဒေါက်တာတူးဂျာသည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မိုးကောင်းမြို့နယ်မှ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း ရွေးကောက်ပွဲကော်မရှင်က လုံခြုံရေးအကြောင်းပြချက်ဖြင့် ကချင်ပြည်နယ်ရှိ လစ်လပ်မဲဆန္ဒနယ် သုံးနေရာကို ရွေးကောက်ပွဲ
ရွှေ့ဆိုင်းထားခဲ့သည်။

၂၀၁၀ ခုနှစ်တွင် နိုင်ငံရေးပါတီတည်ထောင်ရန် ကြိုးစားခဲ့သော်လည်း ရွေးကောက်ပွဲ ကော်မရှင်က တည်ထောင်ခွင့်မပေးခဲ့။ “ဒီတခေါက် ပါတီထောင်ရင်တော့ မှတ်ပုံတင်ခွင့်ရမယ်လို့ မျှော်လင့်တယ်။ အခြေအနေက ပြောင်းလဲကုန်ပြီလေ။ ဒီမိုကရေစီ အစိုးရသစ်လည်း တက်နေပြီ။ ရွေးကောက်ပွဲ
ကော်မရှင်ကလည်း အသစ်ဖြစ်နေပြီ။ အစစအရာရာ ပြုပြင်ပြောင်းလဲရေးဖြစ်နေပြီ။ အခုချိန်ခါမှာ တိုင်းရင်းသားပါတီတရပ် ထူထောင်မယ်ဆိုရင် မှတ်ပုံတင်ရလိမ့်မယ်လို့ မျှော်လင့်တယ်” ဟု ပြောသည်။

ဒေါက်တာတူးဂျာသည် ၁၉၇၅ ခုနှစ်မှ ၂၀၀၉ ခုနှစ်ထိ KIO တွင် တာဝန် ထမ်းဆောင်ခဲ့ပြီး အမျိုးသားညီလာခံကို ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်ထိ KIO ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 93 guests online