ဗုဒ္ဓဟူး, ၂၂ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > မြန်မာဖမ်း အရှေ့မြောက်သူပုန်များ အိန္ဒိယ လိုချင်

မြန်မာဖမ်း အရှေ့မြောက်သူပုန်များ အိန္ဒိယ လိုချင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။       ။ အိန္ဒိယ အရှေ့မြောက်ပြည်နယ် သူပုန်များ မြန်မာ့မြေ အသုံးမပြုစေရန်နှင့် မြန်မာအစိုးရမှ ဖမ်းဆီးရမိထားသည့် အိန္ဒိယ အရှေ့မြောက်ပြည်နယ် သူပုန်များအား လွှဲပြောင်းပေးအပ်ရန် တောင်းဆိုထားသည်။

“တုန့်ပြန်မှုကတော့ အတော်အားရစရာကောင်းပါတယ်။ ဒါပေမယ့် မြန်မာအစိုးရအနေနဲ့ တကယ်လက်တွေ့မှာ ဘာတွေဆက်လက်လုပ်ဆောင်လာမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ” ဟု အိန္ဒိယ ပြည်ထဲရေးဝန်ကြီး Chidambaram က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း ၏ မြန်မာပြည် ခရီးစဉ်အတွင်း နှစ်နိုင်ငံ ဆွေးနွေးမှုများမှာ “အလွန်အကျိုးများ” လှကြောင်းလည်း လည်း ပြည်ထဲရေးဝန်ကြီးက ဆိုသည်။
ssp
အိန္ဒိယ အနေနှင့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ စိုးရမ်ပူပန်မှု နှစ်ရပ်ရှိပြီး ပထမမှာ မြန်မာ့မြေ ဘယ်ဒေသမှာမှ အိန္ဒိယ အရှေ့မြောက်ပြည်နယ်သူပုန်များအတွက် စခန်းများတည်ဆောက်ခွင့် မပြုစေလိုခြင်းဖြစ်သည်။

“ဒုတိယအားဖြင့်တော့ မြန်မာအစိုးရအနေနှင့် အိန္ဒိယ သူပုန်ခေါင်းဆောင် ဖမ်းဆီးရမိတာများရှိခဲ့ရင် အိန္ဒိယကို လွှဲပြောင်းပေးစေလိုပါတယ်လို့ တောင်းဆိုထားပါတယ်” ဟု ပြည်ထဲရေးဝန်ကြီး Chidambaram က သတင်းထောက်များအား ပြောသည်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်များမှ ခွဲထွက်သူပုန် ၉ ဖွဲ့မှာ မြန်မာ့မြေပိုင်နက်အတွင်း စခန်း ၆၄ ခု တည်ဆောက် လှုပ်ရှားနေကြသည်။ အဆိုပါအဖွဲ့ ၉ ဖွဲ့ထဲမှ PLA, UNLF, KYKL, KCP နှင့် PRPK (P)တို့မှာ တရားမဝင် အဖွဲ့အစည်း များ ဖြစ်ကြပြီး ကချင်နှင့် ချင်းတောင်ဒေသများတွင် စခန်းများ တည်ဆောက်ထားကြကြောင်း အိန္ဒိယ သတင်းစာများ က ရေးသားကြသည်။

NSCN (K) ခေါ် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီမှာမူ အိန္ဒိယအပြင် မြန်မာအစိုးရနှင့်ပါ ဧပြီလအတွင်းက အပစ်အခတ်ရပ်စဲရေး သဘောတူထားပြီး ဖြစ်သည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 178 guests online