တနင်္ဂနွေ, ၂၆ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ကော်မရှင် ထုတ်ပြန်ချက် NLD မကျေနပ်သော်လည်း တုန့်ပြန်မည် မဟုတ်

ကော်မရှင် ထုတ်ပြန်ချက် NLD မကျေနပ်သော်လည်း တုန့်ပြန်မည် မဟုတ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။       ။ ကြားဖြတ် ရွေးကောက်ပွဲအတွင်း အချို့သော ဆန္ဒမဲ လက်မှတ်များပေါ်တွင် ဖယောင်း သုတ်ထားသည် ဆိုသော တိုင်ကြားမှုနှင့် ပတ်သက်၍ ကော်မရှင်၏ မေလ ၉ ရက်နေ့ ဆုံးဖြတ်ချက်အပေါ် ကျေနပ်မှု မရှိသော်လည်း NLD က ပြန်လည် တုန့်ပြန်မှုပြုမည် မဟုတ်ကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ပြောသည်။

“ကြားဖြတ်ရွေးကောက်ပွဲမှာ မဲမသမာမှုတွေကို တောင်းဆိုခဲ့တာက တရားမျှတတဲ့ ရွေးကောက်ပွဲတခု ဖြစ်လာရေး အတွက်သာ ဖြစ်တယ်။ သူတို့ထုတ်ပြန်တာကိုတော့ ကျေနပ်မှု မရှိပါဘူး။ ဘာမှလည်း ဆောင်ရွက်ဖို့ မရှိသလို တရားလည်း ပြန်စွဲမှာ မဟုတ်ဘူး” ဟု ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ဧပြီလ ၁ ရက် နေ့က NLD ၏ တိုင်ကြားချက်၊ ဧပြီ ၂ ရက်နေ့က NLD ဗဟိုအောင်နိုင်ရေး အတွင်းရေးမှူးနှင့် ဗီအိုအေ မေးမြန်းချက်၊ ကြားဖြတ်ရွေးကောက်ပွဲ အကြို ကာလအတွင်း NLD ပါတီ၏ campaign မန်နေဂျာနှင့် Monitor News Journal အတွဲ (၁) အမှတ် (၉၃) တွင် ပြောကြားချက်တို့ကို ရည်ညွှန်း၍ ကော်မရှင်က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။

“ဖယောင်းသုတ်မှုဖြစ်စဉ် လုံးဝဖြစ်ပွားခဲ့မှု မရှိကြောင်း၊ တရားဝင် တိုင်ကြားသူလည်း မရှိကြောင်းနှင့် ယခုကဲ့သို့ မမှန်မကန် စွပ်စွဲပြောဆိုမှုများကြောင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ ဂုဏ်သိက္ခာ ကျဆင်းနိုင်သဖြင့် မမှန်မကန် တိုင်ကြားသူအား ကော်မရှင်က လိုအပ်လျှင် အရေးယူနိုင်ရန် ဥပဒေနှင့်အညီ ခေါ်ယူရှင်းလင်း အသိပေးခြင်း
ဖြစ်ကြောင်း” အဆိုပါ ကော်မရှင် ကြေညာချက်တွင် ပါရှိသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 44 guests online