စနေ, ၂၅ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > မြန်မာပြည်ရောက် တရုတ်များလုံခြုံရေး တရုတ်အစိုးရ သတိပေး

မြန်မာပြည်ရောက် တရုတ်များလုံခြုံရေး တရုတ်အစိုးရ သတိပေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။         ။ မြန်မာနိုင်ငံသို့ ရောက်ရှိနေကြသော တရုတ်စီးပွားရေး ကုမ္ပဏီများနှင့် တရုတ်
နိုင်ငံသားများအနေဖြင့် လုံခြုံရေး ကြိုတင်ကာကွယ်မှုများ ပြုလုပ်ကြရန် တရုတ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနမှ
ဆော်သြလိုက်သည်။

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် အစိုးရနှင့် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တို့အကြား တိုက်ပွဲများ အရှိန်မြင့်လာနေသည့် အလျောက် တရုတ်ကုမ္ပဏီများနှင့် ဝန်ထမ်းများ ထိုဒေသသို့ မသွားရောက်ကြရန် ဝန်ကြီးဌာန ကြေညာချက်အား ကိုးကား၍ ဆင်ဟွာ သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

ထို့ပြင် ကချင်ပြည်နယ်တွင်း ရောက်ရှိနေထိုင်လျက်ရှိကြသော တရုတ်နိုင်ငံသားများအနေနှင့်လည်း သတိကြီးစွာ
နေထိုင်ကြရန် သတိပေးထားသည်။

တရုတ်-မြန်မာနယ်စပ်ရှိ လိုင်ဇာနှင့် ပန်ဝါ ဒေသများအတွင်း ကချင်လွတ်လပ်ရေး တပ်မတော်နှင့် အစိုးရတို့အကြား ဧပြီလကုန်ပိုင်းမှစ၍ တိုက်ပွဲများ ကြိမ်ရေများစွာ ဖြစ်ပွားလာနေသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 99 guests online