အင်္ဂါ, ၂၁ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၏ ချီးကျူးဂုဏ်ပြုခြင်း

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၏ ချီးကျူးဂုဏ်ပြုခြင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။        ။ လွှတ်တော်အတွင်း ဝင်ရောက်လာကြသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်များ အပါအဝင် မဲဆန္ဒရှင် မြန်မာပြည်သူများအား အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် က ချီးကျူးဂုဏ်ပြုလိုက်သည်။

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် မြန်မာ့သမိုင်း၏ ပထမဆုံးအကြိမ် အဖြစ် ဒေါ်အောင်ဆန်းစုကြည်
နှင့် NLD ပါတီဝင်များ အခန်းကဏ္ဍတရပ်ကို ရရှိလာပြီး အစိုးရတွင်း ပြောဆိုခွင့် ရရှိလာပြီ ဖြစ်ကြောင်း မစ္စက်ကလင်တန် က ဆိုသည်။

“လွန်ခဲ့တဲ့ ၁၈ လလောက်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်လာတယ်။ ခုဆိုရင် လွှတ်တော် အတွင်းမှာ ဒီမိုကရေစီခေါင်းဆောင်နဲ့ သူ့ပါတီဝင် ကိုယ်စားလှယ်တွေဟာ အနိုင်ရရှိထားတဲ့ နေရာတွေကို ရယူနိုင်ကြပြီ ဖြစ်ပါတယ်” ဟု ပါရှိသည်။

သမ္မတ ဦးသိန်းစိန်နှင့် အစိုးရသည်လည်း ဒီမိုကရေစီနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှုသည့် အရေးကြီးသော ခြေလှမ်းများ လှမ်းနိုင်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲသို့ ဦးတည်မည့် စစ်မှန်သည့် ပါတီစုံစီမိုကရေစီ အသွင်ကူးပြောင်းမှမှာ စည်ပင် ကြီးပွားသည့် လူ့ဘောင် တည်ဆောက်ရေးအတွက် အထောက်အကူ ဖြစ်မည်ဟုလည်း မစ္စက်ကလင်တန် က ဆိုသည်။

“ပိုမိုပြီး ဒီမိုကရေစီကျ၊ လွတ်လပ်၊ ငြိမ်းချမ်းပြီး စည်ပင်ကြွယ်ဝတဲ့ အနာဂတ်အတွက် နိုင်ငံရေးပါတီတွေ၊ လူထုအခြေပြု လူ့အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်တွေ အားလုံးဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီး အခွင့်အလမ်းသစ်တွေကို ဆုပ်ကိုင်နိုင်ဖို့အတွက် အတူတကွ လုပ်ဆောင်ကြဖို့ အားပေးတိုက်တွန်းလိုပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဝါရှင်တန်မှ ကြေညာထုတ်ပြန်လိုက်သည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 98 guests online