ဗုဒ္ဓဟူး, ၂၂ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > မွန်ပြည်သစ် နိုင်/ကျဉ်း နှစ်ဦး ပြန်လွှတ်ပေး

မွန်ပြည်သစ် နိုင်/ကျဉ်း နှစ်ဦး ပြန်လွှတ်ပေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

စံခလပူရီ (မဇ္ဈိမ) ။        ။ မွန်ပြည်သစ်ပါတီမှ နိုင်ငံရေး အကျဉ်းသား နှစ်ဦးကို တနင်္လာနေ့တွင် ပြည်ထောင်စု အစိုးရက မိခင်ပါတီသို့ ပြန်လည် လွှဲအပ်ပေးမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် နိုင်တင်အောင်က
ပြောသည်။

“မနေ့က ကျနော့်ဆီ ဖုန်းဆက်လာတယ်။ မွန်ပြည်သစ် ရဲဘော်တွေကို လွှဲမယ့်အကြောင်းပေါ့။ ဦးအောင်မင်းကလည်း သူ့ကတိအတိုင်း လုပ်ပေးတယ် ဆိုတော့ ဒါဟာ မင်္ဂလာ ရှိတဲ့သတင်းကောင်းပေါ့” ဟု မဇ္ဈိမကို ပြောသည်။

အင်းစိန်ထောင်မှ နိုင်ယက္ခနှင့် သာယာဝတီထောင်မှ နိုင်မျိုးသွေးတို့ကို မွန်းလွဲ ၁ နာရီ မတိုင်မီ ရထားဝန်ကြီး ဦးအောင်မင်း ကိုယ်တိုင် မော်လမြိုင်မြို့ရှိ မွန်ပြည်သစ်ပါတီသို့ လွှဲအပ်မည် ဖြစ်သည်။

၎င်းတို့နှစ်ဦးမှာ နအဖ စစ်အစိုးရက ၂၀၀၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး နိုင်ငံတော် ပုန်ကန်ရန် ကြံစည်မှုဖြင့် ၂၀၀၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်တွင် သေဒဏ် စီရင်ခြင်း ခံခဲ့ရသော်လည်း အယူခံဝင်ရာမှ ထောင်ဒဏ် တသက်တကျွန်းသို့ ပြစ်ဒဏ် လျှော့ချပေးခဲ့သည်။

မွန်ပြည်သစ်ပါတီနှင့် ပြည်ထောင်စုအဆင့် အစိုးရ ကိုယ်စားလှယ်များ ငြိမ်းချမ်းရေး ဆွေးနွေးသည့် လေးကြိမ်လုံးတွင် ၎င်းတို့ ပါတီမှ ရဲဘော်များကို လွှတ်ပေးရန် မွန်ပြည်သစ်ဘက်မှ တောင်းဆိုခဲ့သည်။

လွတ်မြောက်လာသည့် ပါတီဝင် နှစ်ဦးကို ပါတီဥက္ကဋ္ဌ ကိုယ်တိုင် မော်လမြိုင်တွင် သွားရောက် ကြိုဆိုမည် ဖြစ်ကြောင်း ပါတီအသိုင်းအဝိုင်းက ပြောသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 101 guests online