အင်္ဂါ, ၁၈ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ရွေးကောက်ပွဲသတင်း NLD တိုက်ရိုက် ထုတ်ပြန်မည်

ရွေးကောက်ပွဲသတင်း NLD တိုက်ရိုက် ထုတ်ပြန်မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။      ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်မြေများမှ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် ဧပြီလ ၁ ရက် တနင်္ဂနွေနေ့တွင် ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးမှ တိုက်ရိုက်ထုတ်ပြန်မှု ပြုလုပ်သွားမည်ဟု သိရသည်။

ရွှေဂုံတိုင်အဖွဲ့ချုပ်ရုံးရှေ့တွင် LED ဆိုင်းဘုတ်တခု ယနေ့ တပ်ဆင်ထားပြီး အဆိုပါဆိုင်းဘုတ်တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေအသီးသီးမှ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ ဖော်ပြပေးသွားမည်ဟု အန်အယ်လ်ဒီ
ပြန်ကြားရေးဌာနက ဆိုသည်။
nldbyelectionnew
မဲဆန္ဒ္ဒနယ်မြေအသီးသီးရှိ ပါတီပြန်ကြားရေးဌာနများအနေဖြင့်လည်း အဖွဲ့ချုပ်ရုံး (ဗဟို)သို့ တနာရီခြားတကြိမ် သတင်းအချက်အလက်များ ပေးပို့ရန် ညွှန်ကြားထားကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဆိုသည်။

အန်အယ်လ်ဒီပါတီသည် တနင်္ဂနွေနေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၇ နေရာ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅ နေရာ၊ တိုင်းဒေသကြီး(သို့) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂ နေရာ စုစုပေါင်း ၄၄ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 262 guests online