တနင်္ဂနွေ, ၁၉ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > အာဆီယံ အတွင်းရေးမှူးချုပ် မြန်မာနိုင်ငံသို့ သွားမည်

အာဆီယံ အတွင်းရေးမှူးချုပ် မြန်မာနိုင်ငံသို့ သွားမည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။        ။ အာဆီယံအဖွဲ့ကြီး၏ အတွင်းရေးမှူးချုပ်ဖြစ်သည့် ဒေါက်တာ ဆူရင်ပစ် ဆူဝမ်သည်
မြန်မာနိုင်ငံသို့ ဖေဖေါ်ဝါရီလ ၂ဝ ရက်နေ့တွင် နှစ်ရက်ကြာ လာရောက်မည် ဖြစ်သည်။

မြန်မာနိုင်ငံကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ၂ဝ၁၄ ခုနှစ်တွင် ခန့်အပ်ခံရရန် ထောက်ခံ အားပေးခဲ့သူ တဦး
ဖြစ်သည့် ဒေါက်တာဆူရင်ပစ်ဆူဝမ် သည်  မြန်မာအစိုးရ အရာရှိကြီးများနှင့် တွေ့ဆုံကာ လက်ရှိ မြန်မာနိုင်ငံ၏
ပြောင်းလဲလာမှုများကို လေ့လာမည်ဖြစ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ ရောက်ရှိလာမည့် အာဆီယံ အတွင်းရေးမှူးချုပ်သည် ၂ဝ၁၄ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ လုပ်ငန်းပိုင်းကိုလည်း လေ့လာမည်ဖြစ်ကာ လိုအပ်သည်များကို အစိုးရ အရာရှိ များနှင့် တွေ့ဆုံဆွေးနွေး သွားမည် ဖြစ်ကာ နာဂစ်ပြန်လည် ထူထောင်ရေးများကို လေ့လာသွားစေချင်ကြောင်းလည်း သိရသည်။

အတွင်းရေးမှူးချုပ်နှင့် အာဆီယံ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေး၊ နိုင်ငံတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ
ဆောင်ရွက်ချက်များတွင် အားပေးမှုများကြောင့် ယခုအခါ မြန်မာနိုင်ငံသည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကူညီထောက်ပံ့မှုများကို ရရှိနေပြီဖြစ်ကြောင်းလည်း ဦးဝဏ္ဏမောင်လွင် က ပြောကြောင်း သိရသည်။

ဒေါက်တာဆူရင်ပစ်ဆူဝမ်ကမူ သူ၏ ခရီးစဉ်တွင် အစိုးရနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားများထံမှ ဖွံ့ဖြိုးရေးနှင့် ပတ်သက်ပြီး ရေရှည်ရည်မှန်းချက်များကို နားထောင်လေ့လာခွင့်ရရှိမည် ဖြစ်ကြောင်း ပြောခဲ့သည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 64 guests online