တနင်္ဂနွေ, ၂၆ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > မွန်ပြည်သစ်နှင့် အစိုးရ ပဏာမ သဘောတူညီချက် လက်မှတ်ထိုး

မွန်ပြည်သစ်နှင့် အစိုးရ ပဏာမ သဘောတူညီချက် လက်မှတ်ထိုး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။       ။ မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် အစိုးရ၏ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့အကြား အပစ်ရပ်ရေးအပါအဝင် အချက် ငါးချက် ပဏာမ သဘောတူညီချက်ကို ဗုဒ္ဓဟူးနေ့မနက်က လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ Strand Hotel တွင် ဆွေးနွေးသဘောတူညီခဲ့ကြသည်များမှာ နှစ်ဖက် ပစ်ခတ်တိုက်ခိုက် မှု ရပ်ဆိုင်းရန်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းရန်နှင့်
ဆွေးနွေးမည့် အချိန်၊ နေရာတို့ကို ညှိနှိုင်းရန်၊ ဆက်ဆံရေးစခန်းကို နှစ်ဖက်သဘောတူသည့် သင့်တော်ရာနေရာတွင် (လက်နက်မပါ) ထားရှိရန်၊ သတ်မှတ်နေရာမှအပ အခြားနေရာဒေသများသို့ လက်နက်ဖြင့် သွားလာခြင်း မပြုရန်၊
နှစ်ဖက်သဘောတူသည့် သတ်မှတ်နေရာများတွင် နေထိုင်ရန်တို့ ပါဝင်သည်။

monmeetgov2 မွန်ပြည်သစ်ပါတီနှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ::မွန်ပြည်သစ်ပါတီနှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ဖေဖေါ်ဝါရီလ ၁ ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့ Strand Hotel တွင် တွေ့ဆုံခဲ့ကြစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)  မွန်ပြည်သစ်ပါတီနှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ :: မွန်ပြည်သစ်ပါတီနှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ဖေဖေါ်ဝါရီလ ၁ ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့ Strand Hotel တွင် တွေ့ဆုံခဲ့ကြစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) မွန်ပြည်သစ်ပါတီနှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ::မွန်ပြည်သစ်ပါတီနှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ဖေဖေါ်ဝါရီလ ၁ ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့ Strand Hotel တွင် တွေ့ဆုံခဲ့ကြစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) အပစ်ရပ်ရေးအပါအဝင် အချက် ငါးချက် ပဏာမ သဘောတူလက်မှတ်ထိုးနိုင်ခဲ့ကြသည်။

မွန်ပြည်သစ်ပါတီမှ ဒု-ဥက္ကဋ္ဌ နိုင်ရော့စ ခေါင်းဆောင်သော ၁၂ ဦးပါ အဖွဲ့နှင့် ရထားဝန်ကြီး ဦးအောင်မင်း
ခေါင်းဆောင်သော အဖွဲ့တို့ တွေ့ဆုံဆွေးနွေးကာ ပဏာမ သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ အချက်ငါးချက်ကို မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီသို့ တင်ပြကာ ခွင့်ပြုချက်ရပါက ဖေဖေါ်ဝါရီလ တတိယ အပါတ်တွင် အတည်ပြု လက်မှတ်ရေးထိုးကြမည်ဖြစ်ကြောင်း သိရသည်။

၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ကလည်း ဦးအောင်မင်း ခေါင်းဆောင်သောအဖွဲ့နှင့် မွန်ပြည်သစ် အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံ၊ စံခလပူရီတွင် ငြိမ်းချမ်းရေးအတွက် ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသေးသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 73 guests online