ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > NLD အတွင်းရေးမှူးဟောင်း ဦးလွင် ကွယ်လွန်

NLD အတွင်းရေးမှူးဟောင်း ဦးလွင် ကွယ်လွန်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္ဈိမ) ။        ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အတွင်းရေးမှူးဟောင်း ဦးလွင်သည် လူကြီးရောဂါဖြင့် အင်္ဂါနေ့ညတွင် ကွယ်လွန်သွားကြောင်း သမက်ဖြစ်သူ ဦးထင်ကျော်က ပြောသည်။

“မနေ့ညက ၈ နာရီ ၄၀ ပါ။ လူကြီးရောဂါပါပဲ။ ရက်ပိုင်းအတွင်းမှာ သူပုတီးစိတ် အရဟံရွတ် အဲဒီလိုလေးလည်း လုပ်နိုင်ပါတယ်။” ဟု ဦးထင်ကျော်က မဇ္ဈိမကို ပြောသည်။

ဦးလွင် အသက် ၈၇ နှစ်ပြည့်သည့် အောက်တိုဘာလအတွင်း၌ မိသားစု ဆရာဝန်ရှိသည့် ရှင်ပါကူ ဆေးရုံတွင် ၁၆ ရက်ကြာ တက်ရောက် ကုသခဲ့ရသည်။ ဆေးရုံမှ နိုဝင်ဘာလတွင် ပြန်ဆင်းလာပြီး တလခန့်ကြာပြီးနောက် ကွယ်လွန်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဦးလွင် ကွယ်လွန်ချိန်တွင် သမီးဖြစ်သူ ဒေါ်စုစုလွင် ကျန်ရစ်သည်။

မနက်ဖြန် မွန်းလွဲ တနာရီခွဲတွင် အမှတ် ၁၅၊ ကမ္ဘောဇရိပ်သာ၊ ဗဟန်းမြို့နယ် နေအိမ်မှ ရေဝေးသုဿန်သို့ ပို့ဆောင် မီးသဂြုင်္ိဟ်မည် ဖြစ်သည်။ ဦးလွင် ကွယ်လွန်ချိန်တွင် အသက် ၈၈ နှစ်ရှိပြီ ဖြစ်သည်။



 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1061 guests and 1 member online