စနေ, ၂၅ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > အဝေးပြေးကားမှောက် ကိုးဦးသေ၊ ၂၇ ဦးဒဏ်ရာရ

အဝေးပြေးကားမှောက် ကိုးဦးသေ၊ ၂၇ ဦးဒဏ်ရာရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္စျိမ) ။       ။ ရန်ကုန်မြို့မှ မန္တလေးမြို့သို့ ပြေးဆွဲနေသော နယူးမန္တလာထွန်း ခရီးသည်တင်ကားတစီး တနင်္ဂနွေနေ့ နံနက် ၄ နာရီကျော်တွင် တံတားဦးမြို့ ချောင်းခွကျေးရွာတွင် တိမ်းမှောက်ခဲ့ရာ လူ ကိုးဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရသွားသည်ဟု  မန္တလေး မီးသတ်ဦးစီးဌာန အရာရှိတဦးက ပြောသည်။

“မိုင်တိုင် အမှတ် ၃၃၅ နားမှာ ဖြစ်တာဗျ၊ တံတားဦး တိုးဂိတ်နားပေါ့။ ကျနော်တို့ မှတ်တမ်းတင်ထားတာကတော့ ယာဉ်မောင်း အိပ်ငိုက်လို့ ဖြစ်တာဗျ။”ဟုအဆိုပါ အရာရှိက မဇ္စျိမကို ပြောသည်။

ကားပေါ်တွင် စီးနှင်းလိုက်ပါလာသူ အမျိုးသား ခြောက်ဦး၊ အမျိုးသမီး နှစ်ဦးနှင့် ကလေး တဦး သေဆုံးခဲ့သည်။ ဒဏ်ရာရသူ ၂၇ ဦးကို မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ် ကုသနေသည်ဟု သိရသည်။

ယာဉ်မောင်းသူ ဦးမြတ်သူသည် ခြေထောက်တဖက် ကျိုးသွားပြီး လက်ရှိ ချောင်းခွကျေးရွာ ရဲစခန်းမှ အမှုအမှတ် (ပ) ၄၆/၂ဝ၁၁ ဖြင့် အမှုဖွင့်ထားကာ မဆင်မခြင် ယာဉ်မောင်းနှင်မှု ပုဒ်မ ၃၃၇၊ ၃၃၈နှင့် လူသေမှု ၃၀၄(က) တို့ဖြင့် အရေးယူထားသည်ဟု မန္တလေးမြို့ခံ သတင်းထောက်တဦးက ဆိုသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 103 guests online