ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ဘုရားသုံးဆူအနီး KNLA နှင့် တိုက်ပွဲဖြစ်

ဘုရားသုံးဆူအနီး KNLA နှင့် တိုက်ပွဲဖြစ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။       ။ မြန်မာအစိုးရတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တို့ ကြာသပတေးနေ့နံနက်က နယ်စပ်မြို့ဖြစ်သော ဘုရားသုံးဆူ ပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားရာ တပ်သားတဦး
နှင့် လမ်းပြအဖြစ် ခေါ်ဆောင်ခံရသည့် ရွာသားတဦး ဒဏ်ရာရသွားခဲ့သည်။

ကရင်ပြည်နယ် ဘုရားသုံးဆူဒေသဝန်းကျင်တွင် လှုပ်ရှားနေသည့် အင်အား ၅ဝ ကျော်ရှိ အစိုးရတပ် ခမရ ၅၄၃၊ စစ်ကြောင်း နှစ်ခုကို အင်အား ၂ဝ ခန့်ရှိ KNLA တပ်မဟာ ၆ လက်အောက်မှ တပ်ခွဲနှစ်ခုက  ဘုရားသုံးဆူမြို့ အနောက်ဘက် ကီလိုမီတာ ၂ဝ ကျော်ရှိ ကျောက်ဂူရွာနဲ့ မြိုင်သာယာရွာကြားတွင် တိုက်ခိုက်ရာမှ ၁၅ မိနစ်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ပြီး အစိုးရတပ်က တဒိန်ကျေးရွာမှ လမ်းပြခေါ်ဆောင်လာသူ သုံးဦးအနက် အသက် ၄၇
နှစ်ရှိ ဦးမြင့်သိန်းနှင့် တပ်သားတဦး ဒဏ်ရာ ရရှိခဲ့သည်။

 “ကျမ ဘုန်းကြီးကျောင်းက ဥပုသ်ထွက်ပြီး ၇ နာရီလောက်မှ အိမ်ကို ရောက်တယ်။ ၈ နာရီခွဲလောက်မှ  စစ်တပ်က ရွာထဲ ဝင်လာပြီး ရွာသား ၃ ယောက်ကို လမ်းပြ ခေါ်သွားတယ်။ သိပ်မကြာပါဘူး။ တိုက်ပွဲဖြစ်တာပဲ။ ” ဟု တိုက်ပွဲ
ဖြစ်ပွားရာအနီးရှိ တဒိန်ရွာသူ တဦးက မဇ္ဈိမကို ပြောသည်။

ဦးမြင့်သိန်းကို ထိုင်းနိုင်ငံ ကန်ချပူရီခရိုင် စံခလပူရီမြို့နယ်ရှိ ဟွေ့မလိုင် ခရစ်ယာန်ဆေးရုံတွင် တက်ရောက်ကုသ
မည် ဖြစ်ကြောင်း မြိုင်သာယာရွာမှ အမျိုးသမီးက ပြောသည်။

KNLA တပ်မဟာ ၆ မှ အရာရှိတဦးက အစိုးရတပ်ကို မိမိတို့ ခြုံခိုတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုကာ ထိခိုက်ဒဏ်ရာ
ရသူစာရင်းကို မသိရှိသေးကြောင်း ပြောသည်။

ဇွန်လ ၆ ရက်နေ့တွင်လည်း ခလရ ၃၇၃ စစ်ကြောင်းနှစ်ခု ပူးပေါင်းစစ်ကြောင်းက မြိုင်သာယာရွာမှ ရွာသား ၁ဝ ဦး
နှင့် အပလုံရွာမှ ၂၄ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး၊ အမျိုးသမီးများ အပါအဝင် ရွာသားအချို့ကို စစ်ကြောင်း
ရှေ့မှ ချီတက်စေကာ ကျန်သူများကို တပ်ရိက္ခာ ထမ်းစေခဲ့သည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်ပွားရာသည် အရှည် ၆၅ မိုင် ၅ ဖာလုံရှိ သံဖြူဇရပ်-ဘုရားသုံးဆူ လမ်းမပေါ်တွင် ရှိသည်။



 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1064 guests and 1 member online