နယူးဒေလီ (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း လသာမြို့နယ် ၁၈ လမ်း (အောက်) တွင် မီးလောင်နေကြောင်း ဗဟိုမီးသတ် တာဝန်ရှိသူနှင့် မြို့နယ်ရဲစခန်းက ပြောသည်။
တိုက်အမှတ် ၄၉ ၊ ဒုတိယထပ်တွင် လောင်နေသော်လည်း မည်ကဲ့သို့ စတင် မီးလောင်ကြောင်းနှင့် လူအသေအပျောက် ရှိမရှိ မသိကြသေးပေ။
“လောင်တာက တလုံးထဲပါ။ အခု ကားတွေနဲ့ မီးငြှိမ်းနေပါတယ်။ လူထိခိုက်မှု ရှိမရှိတော့ အတိအကျ မသိရသေးဘူး။ စုံစမ်းနေတုန်းပါ။ မီးက ငြှိမ်းတုန်းရှိသေးတယ်” ဟု ရန်ကုန်တိုင်း ဗဟိုမီးသတ် တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။
မြို့နယ်ရဲစခန်း တာဝန်ရှိသူကလည်း “ဟုတ်ပါတယ်။ လောင်နေတုန်းပါပဲ” ဟု အတည်ပြုပြောဆိုသည်။







