ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > PTK ဖိနပ်ရုံ ဆန္ဒပြ မြန်မာလုပ်သားများ လုပ်ခတိုးရ

PTK ဖိနပ်ရုံ ဆန္ဒပြ မြန်မာလုပ်သားများ လုပ်ခတိုးရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။       ။ လုပ်ခတိုးပေးရန် ထိုင်း-မြန်မာနယ်စပ် ကန်ချနပူရီခရိုင် စံခလပူရီမြို့နယ်
 စေတီစမ်အွန်းမြို့ရှိ PTK ဖိနပ်ချုပ်ရုံမှ မြန်မာလုပ်သား ၄ဝဝ ကျော် ကြာသပတေးနေ့ ဆန္ဒပြခဲ့ရာမှ တရက်လျှင် လုပ်ခငွေ ထိုင်းဘတ် ၁၅ ဘတ် တိုးရသဖြင့် သောကြာနေ့တွင် ပြေလည်မှု ရရှိသွားသည်။
 
အလုပ်သမား ခေါင်းဆောင်များ၊ လုပ်ငန်းရှင်များနှင့် ထိုင်း-မြန်မာ နယ်ခြားကော်မတီတို့က သောကြာနေ့ မနက် ၈ နာရီခန့်တွင် စေတီစမ်အွန်းမြို့ တနေရာ၌ တွေ့ဆုံညှိနှိုင်းခဲ့ရာ တနာရီလုပ်ခကို ထိုင်းငွေ ၁ ဘတ်ခွဲ တိုးမြှင့်ပေးခဲ့သည်။
 
လုပ်ခကို တနာရီ ၂ ဘတ်နှုန်း တိုးပေးရန် အလုပ်သမားများ တောင်းဆိုသည်ကို အလုပ်ရှင်က ၁ ဘတ်သာ တိုးပေးသဖြင့် မကျေနပ်ရာမှ ကြာသပတေးနေ့ မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
 
တနေ့လျှင် အလုပ်ချိန် ၁ဝ နာရီသတ်မှတ်ထားပြီး၊ ယခင်က တရက်လျှင် ၇ဝ ဘတ်မှ ၁၁၅ ဘတ်သာ ရရှိကြကာ ညှိနှိုင်းပြေလည်မှုအရ တရက်လျှင် ၈၅ ဘတ်မှ ၁၃ဝ ဘတ်ထိ ရရှိလာမည်။
 
“နယ်မြေခံ တပ်ရင်းမှူးလည်း သွားပြီး ညှိနှိုင်းပေးလို့ အခု အဆင်ပြေသွားပါပြီ” ဟု အလုပ်သမားတဦးက မဇ္ဈိမကို
 ပြောသည်။
 
PTK ဖိနပ်ချုပ် အလုပ်ရုံမှ လုပ်ငန်းရှင်တဦးဖြစ်သူ စောမန်းသိန်းကလည်း “ပြေလည်သွားပါပြီ၊ မနက်ဖြန် (စနေနေ့) က စပြီး အလုပ်ပြန်ဆင်းဖို့ သဘောတူထားတယ်” ဟု မဇ္ဈိမကို ပြောသည်။
 
မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့နှင့် ကပ်လျက်ရှိသည့် စေတီစမ်အွန်း တွင် PTK ဖိနပ်ချုပ် အလုပ်ရုံ ၃ ရုံ ရှိပြီး၊ မြန်မာလုပ်သား ၂ဝဝဝ ကျော် လုပ်ကိုင်နေသည်။ တမြို့လုံးတွင် ဖိနပ်ချုပ်၊ အထည်ချုပ်နှင့် အခြားစက်ရုံများ၌ အလုပ်လုပ်သည့် မြန်မာ ၅ဝဝဝ ကျော် ရှိပြီး၊ အလုပ်ရုံပေါင်းမှာ ၄ဝ ကျော်သည်။


 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1085 guests and 1 member online