ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > True News နှစ်ပတ် အပိတ်ခံရ

True News နှစ်ပတ် အပိတ်ခံရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။       ။ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် စာပေစိစစ်ရေး၏ ပထမဆုံးအကြိမ် ပိတ်ပင်မှုအဖြစ် ရန်ကုန်အခြေစိုက် သစ္စာသတင်း ခေါ် True News ဂျာနယ်အား ထုတ်ဝေခွင့် နှစ်ပတ် ပိတ်လိုက်ကြောင်း ပြည်တွင်း ဂျာနယ်အသိုင်းအဝိုင်းထံမှ သိရှိရသည်။
 
ဆိုင်းငံ့ပြုလုပ်ထားသည့် သတင်းကို ဖော်ပြမှုဖြင့် ခံဝန်လက်မှတ် ရေးထိုးခိုင်းကာ ဂျာနယ်အား နှစ်ပိတ် ရပ်နားခိုင်းခြင်း ဖြစ်သည်။

“ဒီကနေ့ နေ့ခင်းက စာပေစိစစ်ရေးရုံးက ဖုန်းဆက်ခေါ်လို့ သူတို့ စာပေစိစစ်ရေးရုံးကို သွားပြီး လက်မှတ်ထိုးခဲ့ရတယ်တဲ့” ဟု ဂျာနယ်နှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ဂျာနယ် အတွဲ ၃၊ အမှတ် ၃၄ တွင် ဖော်ပြခဲ့သည့် “ကျပ် ၁၅ သိန်းတန် GSM ပိုင်ဆိုင်သူများ ကျပ် တသိန်းရှစ်သောင်း ထပ်မံပေးသွင်းလျှင် ငါးသိန်းတန် GSM ဖုန်းတလုံး ရမည်” ဟူသည့် သတင်းကြောင့် အပိတ်ခံရခြင်းဖြစ်ပြီး၊ ယင်းသတင်းမှာ စာပေစိစစ်ရေးရုံးက ထုတ်ဝေရန် ခွင့်ပြုပြီးကြောင်း ဂျာနယ်တိုက်နှင့် နီးစပ်သူတဦးက ဆိုသည်။

True News တိုက်သို့ ဆက်သွယ်ခဲ့ရာ ဖြေကြားရန် ငြင်းဆန်သည်။


 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1092 guests and 1 member online