ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > အောင်သင်္ခ ၂ မှ သဘာဝဓာတ်ငွေ့ ကုဗပေ ၂၅ သန်းကျော်ထွက်

အောင်သင်္ခ ၂ မှ သဘာဝဓာတ်ငွေ့ ကုဗပေ ၂၅ သန်းကျော်ထွက်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်  (မဇ္ဈိမ) ။      ။ ထိုင်းကုမ္ဗဏီက တူးဖော်ခွင့်ရထားသော မွန်ပြည်နယ်အတွင်းရှိ သဘာဓာတ်ငွေ့တွင်းသစ်မှ တနေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၂၅ သန်းကျော် ထွက်ရှိမည်ဟု ကြာသပတေးနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖေါ်ပြသည်။
 
စမ်းသပ်တူးဖော်မှုအရ မုတ္တမကမ်းလွန်ဒေသ လုပ်ကွက်အမှတ် ၃ (M-3) တွင်တည်ရှိသည့် အောင်သင်္ခ အမှတ် ၂ တွင်းသည် တနေ့လျှင် ရေနံစိမ်း အပေါ့စား ၁၅၄ စည်နှင့် သဘာဝဓာတ်ငွေ့ ကုဗပေ ၂၅.၈ သန်း ထွက်ရှိသည်ဟု ရေးသားထားသည်။
 
PTT တူးဖော်ရေးနှင့် ထုတ်လုပ်ရေး အများပိုင်ကုမ္ပဏီလိမိတက် PTTEP လုပ်ကွက်အမှတ် ၃ နှင့် ၄ တွင် တူးဖော်ထုတ်လုပ်ခွင့်အတွက်
 မြန်မာ့စွမ်းအင်ဝန်ကြီးဌာနနှင့် ၂ဝဝ၄ ခုနှစ်က သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။ လုပ်ကွက် ၄ သည် တူးဖော်မှုပြီးစီးသွား၍ မေ ၁ ရက်နေ့တွင် လုပ်ငန်းများ ရပ်နားလိုက်ပြီဖြစ်သည်။
 
လက်ရှိတွင် PTTEP အနေဖြင့် မုတ္တမကမ်းလွန်လုပ်ကွက် ၃၊ ၇၊ နှင့် ၁၁ တို့တွင်ရင်းနှီးမြှုပ်နှံထားသည်။ ၂ဝ၁၃ ခုနှစ်တွင် ဇောတိကစီမံကိန်းမှ ထုတ်လုပ်မှုများ စတင်ပြုလုပ်မည်ဖြစ်သည်။


 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1088 guests and 1 member online