ကြာသပတေး, ၁၇ မေ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > သြစတြီးယား လုပ်ငန်းရှင်များနှင့် UMFCCI တွေ့မည်

သြစတြီးယား လုပ်ငန်းရှင်များနှင့် UMFCCI တွေ့မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မဇ္ဈိမသတင်းဌာန ။       ။ သြစတြီးယားလုပ်ငန်းရှင် အစုအဖွဲ့တခုက မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်ကြီးများ အသင်းချုပ် UMFCCI တာဝန်ရှိသူများကို ယခုလ ၁၇ ရက်နေ့တွင် လာရောက်တွေ့ဆုံမည်။

တွေ့ဆုံမည့်သတင်း မှန်ကန်ကြောင်း UMFCCI ဒုဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက မဇ္ဈိမကို အတည်ပြုပြောဆိုပြီး၊ လွှတ်တော် မခေါ်ခင်က နအဖ စစ်အစိုးရ ထုတ်ပြန်ခဲ့သည့် မြန်မာ့အထူးစီးပွားရေးဇုန် ဥပဒေကို လာလေ့လာမည်ဟု ထင်ရကြောင်း သူက ခန့်မှန်းသည်။

"လာမယ်ဆိုတာတော့ သေချာသွားပါပြီ။ ဖိတ်စာတော့ ကျနော့်ဆီ မရောက်သေးဘူး။ ပြင်ဆင်နေတာတွေတော့ ရှိပါပြီ။ စီးပွားရေး အခြေအနေ တိုးတက်ပြောင်းလဲမှုတွေနဲ့ ဆက်ပြီးတော့ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေအတွက် လာပြီးတော့ ကြည့်တယ် ထင်ပါတယ်။ အတိအကျ မဟုတ်ရင်တောင် အခု နောက်ပိတ်ဆုံး Law တွေဘာတွေ ထုတ်ထားတဲ့ ကိစ္စတွေ လာပြီးတော့ သုံးသပ်တယ် ထင်ပါတယ်။ ဒါ ကျနော် မှန်းဆကြည့်တာပေါ့လေ" ဟု သူက ဆိုသည်။

UMFCCI လက်အောက်ရှိ မြန်မာ့စိုက်ပျိုးရေး အခြေခံစားကုန်ထုတ်လုပ်သူများ အသင်းနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်း၏ ဥက္ကဋ္ဌလည်း ဖြစ်သည့် ဦးဇော်မင်းဝင်းက ယခုတွေ့ဆုံမှုသည် UMFCCI အနေဖြင့် တွေ့ဆုံမှုဖြစ်ပြီး အစိုးရကိုယ်စားပြု မည်သည့်အဖွဲ့အစည်း ပါဝင်မည်ကို မသိသေးကြောင်း သူက ဆက်ပြောသည်။

UMFCCI ဥက္ကဋ္ဌ ဦးဝင်းမြင့်မှာ ကြံ့ခိုင်ရေးပါတီ အမတ်အဖြစ် နေပြည်တော်တွင် လွှတ်တော်တက်နေသည်။ ဖြစ်ပေါ်လာမည့် အစိုးရသစ် ဝန်ကြီး ၃ဝ စာရင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး (သို့) စက်မှုလက်မှု ဖွံ့ဖြိုးရေးဝန်ကြီး ဖြစ်လာနိုင်သည်ဟု ထင်ကြေးပေးခံထားရသူ ဖြစ်သည်။


 
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1082 guests and 1 member online