နယူးဒေလီ (မဇ္ဈိမ) ။ ။ ယခုလ ၂၃ ရက်က မိုးကြီးပြီး မိတ္ထီလာခရိုင် ကြာပင်ကုန်းရွာ သောက်ရေကန် ကျိုးပေါက်ခဲ့သည်။
လွန်ခဲ့သည့် ၅ ရက်ခန့်ကတည်းက မိုးသည်းထန်ခဲ့ရာမှ သာစည်မြို့အရှေ့ဘက် ၅ မိုင်ခန့်အကွာ သာစည်-တောင်ကြီး ကားလမ်းဘေးရှိ ကြာပင်ကုန်းရွာ သောက်ရေကန် ရေလျှံပြီး ကျိုးပေါက်ခဲ့သည်။
“မိုးရွာတာကမှ နှစ်မိုး ရှိသေးတယ်။ သဲကြီးမဲကြီး ရွာတယ်။ ကြာပင်ကုန်း ကန်ကျိုးတာက နည်းနည်းပဲ။ ဘာမှထိခိုက်မှု မရှိဘူး” ဟု သာစည်မြို့မြောက်ဘက် ၂၅ မိုင်ခန့်အကွာရှိ ဝမ်းတွင်းမြို့မှ ဦးအုန်းရွှေက ပြောသည်။
မိုးသည်းထန်မှုကြောင့် နွေရာသီတွင် ရေခမ်းနေသော စမုံဆည်တွင်း ရေဝင်လာကြောင်းလည်း သိရသည်။
မနေ့ ညက မိုးကြောင့် ဝမ်းတွင်းမြို့ပေါ် လမ်းအချို့တွင်လည်း ရေတက်နေသည် ဆိုသည်။







