စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > အန်ဒီအက်ဖ် ဦးခင်မောင်ဆွေ ရွေးကောက်ပွဲကို ကျောခိုင်းပြန်ပြီ

အန်ဒီအက်ဖ် ဦးခင်မောင်ဆွေ ရွေးကောက်ပွဲကို ကျောခိုင်းပြန်ပြီ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။      ။ ရွေးကောက်ပွဲ ဝင်လိုသဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ခွဲထွက်ပြီး အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီကို တည်ထောင်ခဲ့သည့် နိုင်ငံရေးဦးဆောင် ကော်မတီခေါင်းဆောင် ဦးခင်မောင်ဆွေက ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်တော့မှာမဟုတ်ကြောင်း ယနေ့ ပြောကြားလိုက်သည်။

ဦးခင်မောင်ဆွေနှင့် အတူ NDF ဒုဥက္ကဌ ဦးတင်အောင်အောင်၊ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးသာဆိုင်နှင့် နိုင်ငံရေးဦးဆောင် ကော်မတီဝင် ဦးစိန်လှဦးတို့ ၄ ဦး အနေဖြင့် ၁၉၉ဝ ခုနှစ်က နိုင်ငံတော် ပုန်ကန်မှု ပြစ်ဒဏ်များ ကျခံခဲ့ရသဖြင့် လာမည့်ရွေးကောက်ပွဲကို ဝင်ပြိုင်ခွင့်မရှိ၍ အသနားခံစာ တင်ရန် ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားခဲ့သည်။

ပထမတကြိမ် အသနားခံစာ တင်ပြီးဖြစ်သော်လည်း နောက်တကြိမ် ထပ်တင်ခိုင်းစေနေခြင်းကြောင့် ရွေးကောက်ပွဲတွင် မပါစေ၍ အာဏာပိုင်များက လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဦးခင်မောင်ဆွေက ယုံကြည်နေသည်။

“ ပထမတကြိမ်လည်း တင်ပြီးပြီလေ အခုနောက်တခါ ထပ်ပြီး ပုဂ္ဂိုလ်ရေးအရ တင်ရမယ်ဆိုတော့။ တင်လည်း ရလည်း ရမှာမဟုတ်ဘူးဆိုပြီးတော့။ တင်လည်း မတင်ဘူး။ ဝင်လည်း မဝင်ဘူးပေါ့ဗျာ ဒါပါပဲ” ဟု ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

” ကျနော့ကို ကန့်သက်တဲ့ကိစ္စဟာ ရွေးကောက်ပွဲကိစ္စမှာလည်း မှတ်ပုံတင်ထားပြီး ဖြစ်တဲ့အတွက် ပါတီခွင့်ပြုချက်နဲ့အတူ ခေါင်းဆောင်ကိုလည်း ခွင့်ပြုပေးရမယ်ဆိုတာ သဘာဝ ကျတယ်လေ။ ပါတီတော့ ခွင့်ပြုပြီး ခေါင်းဆောင်တော့ ရွေးကောက်ပွဲဝင်ဖို့ ခွင့်မပြုဘူးဆိုတော့ ကျနော် မဝင်ဖို့ ဆုံးဖြတ်လိုက်တာပါ။”

ကျန်သုံးဦးကတော့ အသနားခံစာ ထပ်တင်လိုသည် မတင်လိုသည်ကိုမူ ယခုသတင်းရေးသားချိန်တွင် မသိရသေးပေ။

ထင်ရှားသော နိုင်ငံရေးသမားများအနက် ရွေးကောက်ပွဲ ကော်မရှင်ကို စစ်အစိုးရ၏ ရုပ်သေးဟု သတ်မှတ်ကာ စစ်အစိုးရက မတရား ကန့်သတ်မှုများ ပြုသည်ဟုဆိုပြီး နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို အစောပိုင်းက စွန့်ခွာသွားသူတဦးမှာ ပြည်ထောင်စု ဒီမိုကရေစီပါတီမှ ဦးဖြိုးမင်းသိန်း ဖြစ်သည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1629 guests online