စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > လွှတ်တော်က စုပေါင်းရုံးဖြစ်

လွှတ်တော်က စုပေါင်းရုံးဖြစ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။      ။ လာမည့်စက်တင်ဘာ ၁ ရက်နေ့တွင် ရန်ကုန်တိုင်း စုပေါင်းရုံးကြီးရှိ ရန်ကုန်တိုင်း ရဲရုံးနှင့် တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံး(တယက)တို့ကို  ပြည်လမ်းပေါ်ရှိ ပြည်သူ့လွှတ်တော် အဆောက်အအုံသို့ ပြောင်းရတော့မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲရုံးမှ အမည်မဖေါ်လိုသော ရဲအရာရှိကြီးက ပြောသည်။

စုပေါင်းရုံးတွင် တိုင်းတရား လွှတ်တော်ရုံးနှင့် တိုင်းဥပဒေရုံးတို့ကို ဆက်လက် ထားရှိမည်ဖြစ်ပြီး ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ရုံးလည်း ဖွင့်မည်ဟု တယက တာဝန်ရှိသူက ပြောသည်။

အဆိုပါ အဆောက်အအုံသည် ကျောက်တံတားမြို့နယ် ဘဏ်လမ်းတွင် တည်ရှိပြီး တရားရုံး၊ ရဲရုံး၊ တယကရုံးတို့ကို အမှီပြုကာ နိုတြီ ဘာသာပြန်လုပ်ငန်း၊စာပုံနှိပ် လုပ်ငန်း၊မိတ္တူ လုပ်ငန်း၊
ရှေ့နေရုံးခန်းများ ရာနှင့်ချီ ရှိသည်။

အဆိုပါရုံးများ မရှိတော့သည့် အချိန်တွင် ယင်းလုပ်ငန်းများ အခက်အခဲတွေ့ နိုင်ကြောင်း ရန်ကုန်တိုင်း တရာရုံး ဥပဒေအရာရှိ ရှေ့နေတစ်ဦးက ဝေဖန်ပြောသည်။

“ဥပဒေရုံးကို ဆက်ထားမယ်လို့တော့ ကြားတယ်၊ ဒါပေမယ့် ဒီစုပေါင်းရုံးကို အမှီပြုနေတဲ့ လုပ်ငန်းတွေ အတွက်တော့ နည်းနည်း ထိခိုက်နိုင်တယ်” ဟု ရှေ့နေက ပြောသည်။

“အရင်ကတော့ ဇူလိုင်လအတွင်း ပြောင်းရမယ်လို့ အထက်က ညွှန်ကြားထားတယ်၊ အခုတော့ ရွေးကောက်ပွဲ ကာလကို ကြေညာပြီးဖြစ်လို့ ပြောင်းရတော့မယ်တဲ့”ဟုလည်း ရဲအရာရှိ တဦးက ပြောသည်။

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1608 guests online