စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > မဟာချိုင် ဆန္ဒပြသူများ လက်မှတ်ထိုးခဲ့ရ

မဟာချိုင် ဆန္ဒပြသူများ လက်မှတ်ထိုးခဲ့ရ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

အချိန်ပိုလုပ်ခ အပြောင်းအလဲကြောင့် ဆန္ဒပြနေသော ထိုင်းနိုင်ငံ မဟာချိုင် ပုဇွန်အလုပ်ရုံမှ မြန်မာအလုပ်သမား  ၈ ဦးကို ထိုင်းရဲက ခေါ်သွားသည်ဟု ဆန္ဒပြပွဲဝင်တဦးက ဆိုသည်။

ဘန်ကောက်မြို့တောင်ဘက် မဟာချိုင်ရှိ Asian Seafoods Co.,Ltd. တွင် မြန်မာလုပ်သား ၃ဝဝ ခန့် ယနေ့နံနက် ၁ဝ နာရီခန့်က အလုပ်မဆင်းပဲ စတင်ဆန္ဒပြခဲ့ပြီး ညနေပိုင်းတွင် ထိုင်း အာဏာပိုင်များရောက်လာကာ ခေါ်သွားခြင်းဖြစ်သည်။

“ တနေ့ အလုပ်ချိန် ၈ နာရီမှာ  ၂ဝ၅ ဘတ်ပေးမယ်။ အဲဒီ ရှစ်နာရီကနေကျော်သွားတဲ့အချိန်မှာ အိုဗာတိုင်ပေါ့နော်။ အိုမှာ တစ်နာရီ ၃၈ ဘတ်မပေးနိုင်ဘူး။ ကီလိုစားပဲ ပေးမယ် လုပ်နိုင်ရင် လုပ်ပေါ့နော်။ အဲဒီတော့ မလုပ်နိုင်ဘူး ဆန္ဒပြတာ” ဟု ၄င်း အလုပ်ရုံတွင် ၁ဝ ခန့် နေထိုင်လုပ်ကိုင်ဖူးသူ မစန်းအေးက ပြောသည်။

အဖမ်းခံရသူများကို ထိုင်းအာဏာပိုင်များက ထချလုံ ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီးနောက် ထိုင်းဘာသာနှင့် ဘာရေးထားမှန်းမသိသော စာရွက်များပေါ်တွင် လက်မှတ်ရေးထိုးခဲ့ကြရကြောင်း ဆန္ဒပြသူများနှင့် နီးစပ်သူ ကိုတင်ကိုသက်က ပြောသည်။

လောလောဆယ်တွင် Asian Seafoods Co.,Ltd နှင့် ထိုင်း အလုပ်သမားရုံး အရာရှိများ ဆွေးနွေးတိုင်ပင်နေပြီး အလုပ်သမားများ၏ အချိန်ပိုလုပ်အားခအတွက် အပြောင်းအလဲ လုပ်ပေးလိမ့်မည် မထင်ကြောင်း ဆန္ဒပြပွဲပါဝင်သူ မစန်းအေးက ပြောသည်။

ဘန်ကောက်မြို့တောင်ဘက် ပင်လယ်ဆိပ်ကမ်းအနီး  မဟာချိုင်မှ ငါး၊ ပုဇွန် အလုပ်ရုံများတွင် မြန်မာလုပ်သားပေါင်း နှစ်သိန်းနှင့် သုံးသိန်းကြားတွင် ရှိနိုင်ကြောင်း အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့မှ ရွှေ့ပြောင်းအလုပ်သမားရေးရာ တာဝန်ခံ ကိုသက်ခိုင်က ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ လာရောက်လုပ်ကိုင်နေသူပေါင်း ၂ သန်းခွဲကျော် ရှိသည်။

ထိုအလုပ်သမားများထဲမှ နှစ်ပေါင်း ၂ဝ နှင့်အထက် တရားမဝင် ရွှေ့ပြောင်းနေထိုင်ခဲ့သော ရွှေ့ပြောင်း အလုပ်သမားများကို အမြဲတမ်း နေထိုင်ခွင့်ပေးရန်အတွက် ထိုင်းအမျိုးသား လုံခြုံရေးကောင်စီက စဉ်းစားနေပြီ ဖြစ်သည်။

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1627 guests online