စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > စစ်ရာဇဝတ်မှုများအတွက် ကုလမှ ကော်မရှင်ဖွဲ့ စစ်ဆေးရေး အမေရိကန် ထောက်ခံ

စစ်ရာဇဝတ်မှုများအတွက် ကုလမှ ကော်မရှင်ဖွဲ့ စစ်ဆေးရေး အမေရိကန် ထောက်ခံ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။       ။ မြန်မာစစ်အစိုးရက ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ကုလသမ္မဂ္ဂမှ ကော်မရှင်တရပ်ဖွဲ့၍ စုံစမ်းစစ်ဆေးရေးရန် အကြံပြုပြောဆိုမှုများအား ထောက်ခံသွားမည် ဖြစ်ကြောင်း အမေရိကန် အစိုးရမှ ကတိကဝတ်ပြုခဲ့သည်ဟု ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြခဲ့သည်။ အမေရိကန် ကဲ့သို့ပင် ဗြိတိန်၊ သြစတြေးလျနှင့် ချက်ပြည်ထောင်စု နှင့် ဆလိုဗက်ကီးယား နိုင်ငံတို့မှလည်း ထိုကဲ့သို့ ကုလသမ္မဂ္ဂမှ ကော်မရှင်တရပ်ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးရေးကို ထောက်ခံထားသည်။

ယခုနှစ် မတ်လက ကုလသမ္မဂ္ဂ လူ့အခွင့်အရေး သံတမန် မစ္စတာ သောမတ်(စ်) အိုဂျေ ကွင်တားနားက ကုလသမ္မဂ္ဂ လူ့အခွင့်အရေးကောင်စီထံသို့ အစီရင်ခံစာတစောင် တင်ပြခဲ့ရာတွင် ထိုအစီရင်ခံစာထဲ၌ မြန်မာစစ်အစိုးရ ကျူးလွန်ခဲ့သည့် နိုင်ငံတကာ ရာဇဝတ်မှုများအတွက် ကော်မရှင်တခုဖွဲ့စည်း၍ ထပ်မံအသေးစိတ် စုံစမ်းစစ်ဆေးရန် ကုလသမ္မဂ္ဂအား တောင်းဆို ထားသည်။

မစ္စတာ ကွင်တားနား၏ မတ်လမှ အစီရင်ခံစာထဲတွင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် စနစ်တကျ ကျူးလွန်နေသည့် ပုံစံဖြစ်နေပြီး အစိုးရအရာရှိများ၊ စစ်အာဏာပိုင်များနှင့် တရားရေးရာဌာနများကပါ ပါဝင်ကျူးလွန်နေသည့် ပုံစံမျိုးဖြစ်နေသည်ဟု ပါရှိသည်။ မြန်မာ စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်များအား နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏ ဖွင့်ဆို သတ်မှတ်ချက်အရ လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အဖွဲ့အစည်းတခုလုံးကို ဆန့်ကျင်သည့် စစ်ရာဇဝတ်မှုများအဖြစ် သတ်မှတ်နိုင်ကြောင်းလည်း ထိုအစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

ဝါရှင်တန်ပို့စ် သတင်းစာက အမေရိကန် အစိုးရနှင့် နီးစပ်သော သတင်းရပ်ကွက်များကို ကိုးကား၍ ဆက်လက် ဖော်ပြထားရာတွင် အိုဗားမား အစိုးရအဖွဲ့သည် မြန်မာစစ်အစိုးရအပေါ် လက်ရှိချမှတ် ပြဌာန်းထားသော စီးပွါးရေးအရ အရေးယူပိတ်ဆို့မှုများအား ပိုမိုတင်းကြပ်စွာ ချမှတ်ပြဌာန်းရန် စဉ်းစားနေသည်ဟုလည်း ဖော်ပြထားသည်။

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1627 guests online