နယူးဒေလီ ။ ။ အိန္ဒိယနိုင်ငံသို့အလည်အပတ်ရောက်ရှိနေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်းဆောင်သော အဖွဲ့သည် ဗုဒ္ဓဂါယာတွင် ယနေ့ ငါးနာရီကြာ ဘုရားဖူးပြီး မဟာဗောဓိ စေတီတော်အတွက် မေရိကန်ဒေါ်လာ တသောင်းတထောင်ကျော် လှူတန်းသွားသည်။
အသက် ၇၇ နှစ်အရွယ် မြန်မာစစ်ခေါင်းဆောင်သည် ဗုဒ္ဓပွင့်တော်မူရာ ဗုဒ္ဓဂါယာရှိ မဟာဗောဓိ စေတီတော်သို့ တနင်္လာနေ့ နံနက် ငါးနာရီခန့်တွင် ရောက်ရှိလာပြီး ဘုရားဖူး၊ တရားထိုင်ခြင်းများ ပြုလုပ်သွားကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါ်လာ တသောင်း၊ ကျန်အဖွဲ့ဝင်များက ဒေါ်လာ ၁၂၈၂ ဒေါ်လာနှင့် ရူပီး ၆ဝဝဝ ကို သီးခြားစာအိတ်များဖြင့် လှူဒါန်းသွားသည်။







