စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ပြည်တွင်းဖြစ် ထီလာဂျစ်ကား မီးထလောင်

ပြည်တွင်းဖြစ် ထီလာဂျစ်ကား မီးထလောင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။    ။ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ဘဏ်လမ်းနှင့် ၃၅ လမ်းဒေါင့်တွင် ရပ်နားထားသော ပြည်တွင်းထုတ် ထီလာဂျစ်ကားတစီး ယနေ့ နေ့လည်ပိုင်းတွင် မီးလောင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး (တယက) အနီး ရပ်ထားသော အဝါရောင် ထီလာဂျစ်ကား (ကားနံပါတ် ၈ဂ - ၁၇၉ဝ) သည် နေ့လည် ၁၂ နာရီခန့်မှ စတင်၍ ၁၅ မိနစ်ခန့်အကြာ မီးလောင်ခဲ့ခြင်း ဖြစ်သည်။

မီးသတ်ကား ခေါ်ယူခြင်း မရှိဘဲ အနီးပတ်ဝန်းကျင်ရှိ လူများက သဲနှင့်ပက်ကာ ငြှိမ်းသတ်ခဲ့ကြသည်။

’’မီးသတ်ကို အကြောင်းကြားရင် ရှုပ်နေဦးမယ်လေ။ ဒါကြောင့် ဒီနားမှာရှိတဲ့ ယာဉ်ထိန်းကလည်း ခေါ်ပါလို့ မပြောဘူး။ ဝိုင်းပြီးတော့ ငြှိမ်းရင် ရတဲ့အတွက်ပါ’’ ဟု ယင်းအနီးရှိ ပင်စင်ဦးစီးဌာန ဝန်ထမ်းတဦးက ပြောသည်။

ကလပ်ကြိုးခေါင်းပြုတ်ရာမှ ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်ခဲ့ကြောင်း အခင်းဖြစ်ပွားသည့်အနီး တာဝန်ကျ ယာဉ်ထိန်းရဲ တဦးက ပြောသည်။

ရန်ကုန်မြို့ စက်မှုဇုန်တဇုန်မှ ထုတ်လုပ်သည့် ယင်း ထီလာဂျစ်ကား ကားခေါင်းပိုင်းမှအပ အခြားအစိတ်အပိုင်းများသို့ ကူးစက်လောင်ကျွမ်းမှု မရှိကြောင်း သိရသည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1626 guests online