ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ မြန်မာအင်ဖိုတက် အဆောင်အမှတ် ၁ တွင် ပရိဘောဂအချို့ မီးလောင်မှုကျွမ်းမှု ယနေ့နံနက်က ဖြစ်ပွားခဲ့သည်။
မီးလောင်မှု နံနက် ၈ နာရီ ၅ဝ မိနစ်တွင် စတင်ပြီး ၉ နာရီ မိနစ် ၂ဝ ခန့် တွင် ပြီး ဆုံးသွားကာ ဆိုဖာဆက်တီနှင့် အထပ်သား အချို့ကို လောင်ကျွမ်းသွားသည်။
၂ ထပ်အဆောင်မှ အပေါ်ထပ်တက်သော လှေကားထောင့်ရှိ ဆိုဖာအဟောင်းများ စုပုံထားရာက စတင်သည်ဟု လှိုင်မြို့နယ် တာဝန်ကျ မီးသတ်ရဲဘော် တဦးက ပြောသည်။







