စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ရွေးကောက်ပွဲ ကော်မရှင်စာရင်း ထုတ်ပြန်

ရွေးကောက်ပွဲ ကော်မရှင်စာရင်း ထုတ်ပြန်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မြန်မာ့စစ်အစိုးရက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်လူကြီးများ စာရင်းကို ထုတ်ပြန်လိုက်ကြောင်း ယနေ့ ညနေ ၄ နာရီက မြန်မာ့ရုပ်မြင်သံကြားက ကြေညာသွားသည်။

၁၇ ဦးပါ ကော်မရှင်အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဦးသိန်းစိုးကို ခန့်အပ်လိုက်သည်။ အဖွဲ့ဝင်များမှာ ဦးအင်ဇော်နော်၊ ဦးခင်မောင်နု၊ ဦးစိုးဘလှိုင်၊ ဒေါက်တာဘမောင်၊ ဦးညွှန့်တင်၊ ဦးမောင်သာလှ၊ ဦးစိုင်းခုမ်လှိုင်၊ ဦးအောင်မြင့်၊ ဦးမြင့်နိုင်၊ ဒေါက်တာတင်အောင်အေး၊ ဒေါက်တာဒေါ်မြင့်ကြည်၊ ဒေါ်ခင်လှမြင့်၊ ဦးသာဦး၊ ဒေါက်တာမောင်ထူး၊ ဦးသာဌေး၊ ဦးဝင်းကြည်တို့ ဖြစ်ကြသည်။ 

ကော်မရှင်အဖွဲ့ လူကြီးအများစုမှာ ထင်ပေါ်ကျော်ကြားမှု အားနည်းသော သူများ ဖြစ်နေသည်။