စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > မန္တလေး မီးလောင်မှု၊ တဦး သေဆုံး

မန္တလေး မီးလောင်မှု၊ တဦး သေဆုံး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


ရန်ကုန် (မဇ္ဈိမ)။     ။ မန္တလေးမြို့ နေအိမ် ၄ လုံး ပျက်စီးဆုံးရှုံးသည့် ယခုလ ၈ ရက်နေ့ မီးလောင်မှုအတွင်း ၈၈ နှစ်အရွယ် အဖွားအိုတဦး သေဆုံးသွားသည်။

မန္တလေးတိုင်း အောင်မြေသာဇံမြို့နယ် အရှေ့ပုလဲဝင်းရပ်ကွက်ရှိ ဦးကံထွန်း (အမှတ် ၁၂၄) နေအိမ်မှ စတင်လိုက်သည့် မီးလောင်မှုတွင် ၎င်း၏ မိခင် ဒေါ်တင်လှမှာ မီးခိုးမွှန်ကာ သေဆုံးခဲ့ကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။

မန္တလေး မီးသတ်ဦးစီးဌာန မှတ်တမ်းကလည်း ထိုကဲ့သို့ အတည်ပြုထားပြီး၊ မီးလောင်မှုကြောင့် ၂၃ ဦး အိုးအိမ်မဲ့ဖြစ်ကာ၊ ဆုံးရှုံးမှု တန်ဖိုး ကျပ်သိန်းတထောင်ကျော် ရှိနိုင်ကြောင်း ခန့်မှန်းသည်။

နေအိမ်ပိုင်ရှင်က ဇိမ်ခံကားပေါ်မှ ဓာတ်ဆီကို ထုတ်ယူနေစဉ် စတင်၍ မီးလောင်ခဲ့သည်ဟု တိုင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။