စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > တောင်ဒဂုံစက်ရုံ အလုပ်သမား ဆန္ဒပြပွဲ ပြေလည်မှု ရရှိ

တောင်ဒဂုံစက်ရုံ အလုပ်သမား ဆန္ဒပြပွဲ ပြေလည်မှု ရရှိ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


ချင်းမိုင် (မဇ္ဈိမ) ။     ။ ရန်ကုန်မြို့ တောင်ဒဂုံ စက်မှုဇုန် ၁ ရှိ SGI အထည်ချုပ်စက်ရုံ၌ အလုပ်သမား ၄၀၀၀ ခန့်က လုပ်ခတိုးပေးရေးအတွက် ပြီးခဲ့သည့် စနေနေ့တွင် အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ရာ နာရီပိုင်းအကြာတွင် အလုပ်ရှင်က လိုက်လျောသဖြင့် ပြေလည်မှု ရရှိခဲ့သည်။        

Silk Garment Industrial (SGI) အလုပ်သမားများသည် လုပ်အားခ တိုးရန်နှင့် အချိန်ပိုကြေး အပြည့်ပေးရန် စက်ရုံအပြင်၌ ဆန္ဒပြခဲ့ရာ ဒေသအာဏာပိုင်များ၏ ကြားဝင်ညှိနှိုင်းမှုအရ နေ့လည် ၁၂ နာရီခန့်တွင် ပြေလည်မှု ရသဖြင့် ဆန္ဒပြပွဲကို လူစုခွဲခဲ့ကြသည်။

ဆန္ဒပြပွဲသို့ စစ်ကား ၃ စီးနှင့်အတူ ခရိုင်ရဲမှူး၊ မြို့နယ် အထူးရဲသတင်း တပ်ဖွဲ့ဝင်များ ရောက်လာခဲ့ခြင်း ဖြစ်သည်။

SGI တွင် အလုပ်သမားတဦးလျှင် လစာငွေ ၄၅၀၀၀ ကျပ်မှ ၅၀၀၀၀ အထိ ရရှိရမည် ဖြစ်သော်လည်း လက်တွေ့တွင် ၃၈၀၀၀ ကျပ်မှ ၄၅၀၀၀ အထိသာ အများဆုံး ရရှိသည်ဟု အလုပ်သမားများက ဆိုသည်။  အလုပ်ချိန်မှာ နံနက် ၇ နာရီမှ ည ၅ နာရီအထိဖြစ်ပြီး အချိန်ပိုအားဖြင့် ည ၉ နာရီထိ ပိုဆင်းရသည်။