စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > နေပြည်တော်တွင် ငလျင်လှုပ်

နေပြည်တော်တွင် ငလျင်လှုပ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


ချင်းမိုင် (မဇ္ဈိမ)။     ။ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် မတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်းက ငလျင်တခု လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒဌာနက ပြောကြားသည်။

“ငလျင်လှုပ်သွားတယ် ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ သတင်း မထုတ်ပြန်ဘူး ခင်ဗျ။ ” ဟု မြေငလျင်ဌာနမှ ဝန်ထမ်းတဦးက မဇ္ဈိမသို့ ပြောသွားသည်။

နေပြည်တော်ရှိ အစိုးရ ဝန်ထမ်းများ အဆိုအရ စနေနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က လှုပ်ခတ်သွားသော ငလျင်ကြောင့် တုန်ခါမှုကို ခံစားလိုက်ရသည်ဟု ပြောသည်။

သို့သော် နေပြည်တော်ရှိ မိုးလေဝသနှင့် ဇလဗေဒဌာနက အသေးစိတ် ထုတ်ပြန်ရန် ငြင်းဆိုလိုက်သည်။