စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ဒေါ်စု အိမ်ပြင် တားဝရမ်းအမှု နှစ်ဖက်လျှောက်လဲ

ဒေါ်စု အိမ်ပြင် တားဝရမ်းအမှု နှစ်ဖက်လျှောက်လဲ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။     ။ ဒေါ်အောင်ဆန်းစုကြည်က အမွေဆိုင် နေအိမ်ပြင်ဆင်မှုကို ကန့်ကွက်သော ဦးအောင်ဆန်းဦး၏ လျှောက်ထားချက်အရ ရန်ကုန်တိုင်း တရားရုံးတွင် ယမန်နေ့က နှစ်ဖက်ရှေ့နေများ လျှောက်လဲကြသည်။

တိုင်း စည်ပင်သာယာ ခွင့်ပြုချက်ဖြင့် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်ပြင်သည်ကို အမွေဆိုင် အကိုရင်းဖြစ်သူ ဦးအောင်ဆန်းဦးက သူ၏ ခွင့်ပြုချက် မပါရှိဘဲ ပြုလုပ်သဖြင့် ရပ်ဆိုင်းပေးရန် တိုင်းတရားရုံးသို့ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် လျှောက်ထားခဲ့ပြီးနောက် ယမန်နေ့တွင် ရှေ့နေများ လျှောက်လဲချက်ပေးခြင်း ဖြစ်သည်။

“ မနေ့က နှစ်ဖက်ရှေ့နေတွေ လျှောက်လဲချက် ပေးတယ်။ ဥပဒေမှာ အဲဒီလို မပါဘူး။ ဥပဒေအရ အိမ်ကို ပျက်စီးအောင်၊ တန်ဖိုးလျော့အောင်၊ နောက် ရောင်းစားမယ်၊ လွှဲပြောင်းမယ်။ အဲဒီလို ပြုလုပ်လို့ရှိရင် တားမြစ်ချက် ထုတ်နိုင်တယ်။ ဒီအချက်အလက်တွေကို တခုမှ မဖော်ပြဘဲ လျှောက်လဲတာဖြစ်လို့ အဲဒီလျှောက်ထားချက်တွေက ဥပဒေနဲ့ မညီဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ဒေါ်စု အိမ်ပြင်ဆင်လက်စ ရပ်ဆိုင်းလိုက်ရတယ်။ အဲဒီအပေါ် သူ့ (ဒေါ်စု) အနေနဲ့ အဆင်မပြေမှုတွေ ရှိပေမယ့် ကိုယ့်ထက် ဒုက္ခရောက်တဲ့သူတွေ အများကြီး ရှိနေတဲ့အတွက် သူ့အကြောင်းကို သိပ်ပြီး မပြောလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်” ဟု ပြောသည်။ 

ဦးအောင်ဆန်းဦးဘက်မှ လိုက်ပါအကျိုးဆောင်နေသူမှာ ရှေ့နေ ဦးဟန်တိုးဖြစ်ပြီး၊ အမှုကို လာမည့် ဧပြီလ ၆ ရက်နေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1631 guests online