စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ရွေးကောက်ပွဲအပေါ် သဘောထား US/EU က NLD ကို မေးမြန်း

ရွေးကောက်ပွဲအပေါ် သဘောထား US/EU က NLD ကို မေးမြန်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။      ။ အမေရိကန်နှင့် ဥရောပသမဂ္ဂ EU သံတမန်များက အမျိုးသား ဒီမိုကရေစီအဖွဲ့၏ ရွေးကောက်ပွဲအပေါ် သဘောထားကို သိရှိရန် ရန်ကုန်ရှိ ပါတီရုံးချုပ်သို့ ယနေ့ လာရောက်မေးမြန်းခဲ့သည်။

“သူတို့က ရွေးကောက်ပွဲ အချိန်နီးပြီလို့ ခန့်မှန်းတဲ့အတွက် ရွေးကောက်ပွဲနဲ့ ပက်သက်တဲ့ NLD ရဲ့ သဘောထား ရှိနေပြီလား၊ မရှိသေးဘူးလား။ မရှိသေးရင် ဘယ်တော့မှရှိမှာလဲ၊ ရွေးကောက်ပွဲဝင်ဖို့ရော သဘောထားရှိသလား စသဖြင့် ဒါတွေ လာတီးခေါက်ကြည့်ကြတဲ့ သဘောပါ” ဟု NLD ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

ယနေ့ နေ့လည်ပိုင်းတွင် ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်၌ အမေရိကန်နှင့် EU နိုင်ငံများမှ ဂျာမဏီ၊ ဗြိတိန်၊ နော်ဝေ၊ အီတလီ၊ ပြင်သစ် စသည့် သံတမန်များကို NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ ဖြစ်သည့် ဦးဝင်းတင်၊ ဦးခင်မောင်ဆွေနှင့် ဦးညွှန့်ဝေတို့က တနာရီကျော် တွေ့ဆုံကာ ရှင်းပြခဲ့သည်။

“ရွေးကောက်ပွဲနဲ့ပက်သက်တဲ့ ကိစ္စဟာ အခုအချိန်မှာ စဉ်းစားဖို့ အချိန်မတန်သေးဘူးဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းထုတ်ပြန်ထားတဲ့အတိုင်း ပြန်ဖြေကြားခဲ့ပါတယ်။ ရွှေဂုံတိုင် ကြေညာစာတမ်းအတိုင်း လှေကား ၃ ထစ်အလယ်မှာ ရပ်တည်နေတဲ့အကြောင်း ရှင်းပြခဲ့ပါတယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။

၂ဝဝ၉ ခုနှစ် ဧပြီလနှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည့် NLD ၏ ရွှေဂုံတိုင်ကြေညာစာတမ်းတွင် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန်၊ ၂ဝဝ၈ အခြေခံ ဥပဒေကို သုံးသပ်ပြင်ဆင်ရန်၊ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို တစုံတရာ အသိအမှတ်ပြုရန်နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဆွေးနွေးပွဲများ ကျင်းပရန်တို့ ပါရှိသည်။

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1502 guests online