ကြာသပတေး, ၀၉ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > KIO အပစ်ရပ် ၁၆ နှစ်ပြည့် မနောပွဲ ပြီးဆုံး

KIO အပစ်ရပ် ၁၆ နှစ်ပြည့် မနောပွဲ ပြီးဆုံး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ)။     ။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲသည့် ၁၆ နှစ်ပြည့် အထိမ်းအမှတ် နင်ဂွန်ထင်ရမ် မနောပွဲတော်ကြီး ယနေ့ ပြီးဆုံးသွားပြီဖြစ်သည်။

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကဆုန်းကျေးရွာရှိ KIO ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၁ နယ်မြေ၌  ၄ ရက်ကြာ ကျင်းပခဲ့ခြင်း ဖြစ်သည်။

“ပြီးဆုံးသွားပါပြီ။ အောင်အောင်မြင်မြင် ကျင်းပနိုင်တယ်။ ကျနော်တို့ကတော့ ငြိမ်းချမ်းရေးကို လိုလားတယ်။ ဒီငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းထားချင်တယ်ဆိုတာပဲ” ဟု မနောပွဲသို့ တက်ရောက်ခဲ့သူ KIO အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

မနောပွဲသို့ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊ ခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ ခေါင်းဆောင်များ၊ ဘုန်းတော်ကြီး၊ သံဃာတော်များ စုစုပေါင်း ဧည့်ပရိသတ် ၄ သောင်းခန့် တက်ရောက်ခဲ့သည်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းကို ဖိတ်ကြားခဲ့သော်လည်း ဒုတိုင်းမှူး ဗိုလ်မှူးချုပ်စံထွန်း အပါအဝင် တပ်သား ၁၇ ဦး ယခုလ ၂၄ ရက်နေ့တွင် တက်ရောက်ခဲ့သည်။

နင်ဂွန်ထင်ရမ် မနောပွဲ ကျင်းပရခြင်းမှာ တိုင်းရင်းသားလူမျိုးများ၊ မျိုးနွယ်စုများ၊ အဖွဲ့အစည်းများ အပြန်အလှန် နားလည်မှုနှင့် ချစ်ကြည်မှု ခိုင်မြဲစေရန် ဖြစ်သည်ဟု အဆိုပါ အရာရှိက ရှင်းပြသည်။

၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တိုင်းရင်းသားတန်းတူ အခွင့်အရေး ရရှိရန် ကချင်လက်နက်ကိုင် တော်လှန်ရေး စတင်ခဲ့ပြီး၊ စစ်အစိုးရနှင့် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အပစ်အခတ်ရပ်စဲခဲ့ခြင်း ဖြစ်သည်။

 
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1805 guests and 1 member online