စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ဒေါ်စုအမှု မနက်ဖြန် စီရင်ချက်ချမည်

ဒေါ်စုအမှု မနက်ဖြန် စီရင်ချက်ချမည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ)။    ။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ၁၈ လ ချမှတ်ထားမှုကို ပြစ်ဒဏ် ပြင်ဆင်မှု တင်သွင်းထားခြင်း အပေါ် မနက်ဖြန်တွင် ဗဟိုတရားရုံးချုပ်က အမိန့်ချမည်ဟု ရှေ့နေ ဦးဥာဏ်ဝင်းက ပြောဆိုသည်။

“မနက်ဖြန်မှာ ဒေါ်အောင်ဆန်းစုကြည် အမိန့်ချမှာဖြစ်တယ်။ ကျနော့်ကို လုပ်ဖော်ကိုင်ဘက်တယောက်က အကြောင်းကြားတာပါ။ မနက်ဖြန် ၁ဝ နာရီ တရားရုံး တက်မှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဖြစ်သူ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

နေအိမ်အချုပ်ဒဏ် ၁ နှစ်ခွဲနှင့် ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခံထားရသော ဒေါ်အောင်ဆန်းစုကြည်၏ အမှုပြင်ဆင်ချက်ကို ရှေ့နေများက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ဗဟိုတရားရုံးချုပ်သို့ တင်သွင်းခဲ့ပြီး၊ နှစ်ဖက်လျှောက်လဲချက်များလည်း ပေးခဲ့ပြီး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ နှစ်ဦးက အမှုနိုင်ပြီး လွတ်မြောက်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။

အမေရိကန်နိုင်ငံသား ဂျွန်ယက်တော အိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်မှုနှင့်ပတ်သက်ပြီး ပြီးခဲ့သည့်နှစ် သြဂုတ်လ ၁၁ ရက်နေ့၌ မြောက်ပိုင်းခရိုင်တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဆိုင်းငံ့ပြစ်ဒဏ်နှင့် နေအိမ်အကျယ်ချုပ် ၁၈ လ အဖြစ် နေအိမ်အကျယ်ချုပ်ရန် တရားရုံးကို ညွှန်ကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ၁၉၇၄ ဖွဲ့စည်းပုံ ဥပဒေမှာ ပျက်ပြယ်ပြီးဖြစ်ကြောင်းနှင့် အဆိုပါ အခြေခံဥပဒေအပေါ် တည်၍ တရားစီရင်ခြင်းမှာ မလျော်ကန်ဟု အမှုပြင်ဆင်ချက်တွင် တင်ပြထားသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1535 guests and 1 member online