ချင်းမိုင် (မဇ္ဈိမ)။ ။ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသံ မစ္စတာ သောမတ်စ် ကွင်တားနားသည် ရန်ကုန်မြို့ အင်းစိန်ထောင်သို့ ယနေ့နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် ရောက်ရှိသည်ဟု ကုလသမဂ္ဂ ပြန်ကြားရေးထံမှ သိရသည်။
နိုင်ငံရေး အကျဉ်းသား ၃၀၀ ခန့်ရှိသည့် အင်းစိန်ထောင်တွင်းသို့ သွားရောက်ရာတွင် နိုင်ငံခြား သံအမှုထမ်းများလည်း ပါသွားကြောင်း တွေ့မြင်လိုက်ရသူ တဦးက ပြေသည်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ ယနေ့ခရီးစဉ်အနေဖြင့် ယခုအင်းစိန်ထောင်သို့ သွားပြီးနောက် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးခေါင်းဆောင်သော အဖွဲနှင့် တွေ့ဆုံမည် ဖြစ်သည်။







