စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > အင်းစိန်ရှိ အထည်ချုပ်စက်ရုံ လုပ်သားများ ဆန္ဒပြ

အင်းစိန်ရှိ အထည်ချုပ်စက်ရုံ လုပ်သားများ ဆန္ဒပြ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ(မဇ္ဈိမ)။    ။ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်ရှိ Lion City အထည်ချုပ် စက်ရုံတွင် အလုပ်သမား ၁၀၀ နီးပါးခန့် လုပ်အားခ တိုးမြှင့်ပေးရန် ယနေ့ ဆန္ဒပြနေကြောင်း သိရသည်။

အင်းစိန် ရွာမ ဆန်စက်လမ်းရှိ Lion City အထည်ချုပ် စက်ရုံ၌ ယမန်နေ့ ညနေ ၅ နာရီခန့်တွင် စက်ရုံဝင်းအတွင်း စတင်ဆန္ဒပြခဲ့ပြီးနောက် ယနေ့တွင်ပါ ထပ်မံ၍ ဆန္ဒပြနေခြင်း ဖြစ်သည်။

“လုပ်ခလစာ တိုးပေးဖို့ကိစ္စနဲ့ ဆန္ဒပြနေတယ်။ ဖြစ်တာကတော့ မနေ့က ညနေက စဖြစ်တယ်။ အခု အခြေအနေကတော့ ကြမ်းကြမ်းတမ်းတမ်းတော့ မရှိသေးဘူး။ ဒီမှာလည်း စောင့်နေကြတယ်။ တောင်းဆိုမှုတော့ ရှိတယ်။ အတိအကျတော့ မသိရသေးဘူး။ လုံထိန်းကား ၁၀ စီး ရှိတယ်။ ရဲကားတစီး ရှိတယ်။ မီးသတ်ကားတစီး၊ အချုပ်ကားတစီး ရှိတယ်” ဟု မျက်မြင်သက်သေဖြစ်သူ အင်းစိန်ဒေသခံ တဦးက မဇ္ဈိမကို ပြောသည်။

''အများပြည်သူတွေ ပိတ်ရက်ကို ပိတ်ပေးဖို့နဲ့ အချိန်ပိုကြေး လက်ရှိ တနာရီ ကျပ် ၁၀၀ ကို ၂၀၀ တိုးပေးဖို့ တောင်းတယ်။ သက်မှတ်တဲ့ အခြေခံလစာကို တိုးပေးဖို့လည်း တောင်းဆိုထားတယ်။ အစိုးရ ဝန်ထမ်းတွေကို လစာ ၂ သောင်း တိုးပေးတဲ့အတွက်၊ သူတို့ရဲ့ အခြေခံလစာကို ၂ သောင်း အောက်ဆုံးထားပေးဖို့ တောင်းဆိုတယ်လို့ သိရတယ်။ မနေ့က အလုပ်သမား ၁ဝဝ လောက် ဆန္ဒပြတယ်။ ဒီနေ့ ၈ဝ လောက် ဆန္ဒပြတယ်။ ကျန်တဲ့ အလုပ်သမားတွေကလည်း အလုပ်မလုပ်ကြဘူး။ လုပ်ငန်းတွေလည်း ရပ်ဆိုင်းထားတယ်။ အချုပ်ကားက ၁ဝ စီး၊ လမ်းထဲမှာ ၅ စီး စုစုပေါင်း ၁၅ စီး ရှိတယ်'' ဟု ဆန္ဒပြစက်ရုံအနီး နေထိုင်သူတဦးက ပြောသည်။

အလုပ်ရုံကို ဆက်သွယ်မေးမြန်းရာ ဖြေဆိုခွင့် မရှိကြောင်း ဝန်ထမ်းတဦးက ပြောသည်။

LION CITY အထည်ချုပ် စက်ရုံတွင် အလုပ်သမား ၂၀၀ ကျော် အလုပ် လုပ်ကိုင်နေကြသည်။

အသေးစိတ် အခြေအနေကို ဆက်လက်စုံစမ်းဆဲဖြစ်သည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1524 guests and 1 member online