စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > စိတ်ကြွဆေးပြား ၆၄၀ နှင့်အတူ လူ ၆ ဦး ဖမ်းဆီးရမိ

စိတ်ကြွဆေးပြား ၆၄၀ နှင့်အတူ လူ ၆ ဦး ဖမ်းဆီးရမိ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဒါကာ (မဇ္ဈိမ)။     ။ ဘင်္ဂလားဒေ့ခ်ျနယ်စပ် တက္ကနာမြို့ ရှိဒါပါရာရပ်ကွက်နှင့် မြို့နယ်တွင်းရှိ နီလကျေးရွာမှ ကျပ်ငွေ ၁၉ သိန်းကျော် တန်ဖိုးရှိ စိတ်ကြွဆေး ၆၄ဝ ပြားနှင့်အတူ ရိုဟင်ဂျာ ဒုက္ခသည် ၄ ဦးအပါအဝင် လူ ၆ ဦးကို ယမန်နေ့ နံနက်ပိုင်းနှင့် နေ့လည်ပိုင်းတွင် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

စိတ်ကြွဆေးပြား ၃၉ဝ ပြားနှင့်အတူ လေဒါ ဒုက္ခသည်စခန်း၌ နေထိုင်သူ ရိုဟင်ဂျာ ဒုက္ခသည် ၃ဝ နှစ်အရွယ် ရှားလက်အာမွတ် (Shalat Armoush)၊ ဆူတန် (Sutal၊ ၅၅ နှစ်)၊ ဂျိုင်နာ (Joyna၊ ၄၅ နှစ်) နှင့် သမီး ဟာလီမာ (Halima၊ ၂ဝ နှစ်) တို့ကို ရှိဒါပါရာရပ်ကွက်၌ နံနက် ၁ဝ နာရီခန့်တွင် တက္ကနာရဲက ဖမ်းဆီးခဲ့ကြောင်း ယနေ့ထုတ် ကော့စ်ဘာဇာ သတင်းစာ The Dishbedish တွင် ရေးသားဖော်ပြထားသည်။

ထို့ပြင် Rapid Action Battalion (RAB) တပ်ဖွဲ့ဝင်တဦးက စိတ်ကြွဆေးရောင်းသူ ၂၃ နှစ်အရွယ် ကာမာလ် ဟိုစင် (Kamal Hossion) နှင့် အာလီယာမွတ် (Aliya Moush၊ ၂၅ နှစ်) တို့ကို ဆေးပြား ၂၅ဝ နှင့်အတူ နီလကျေးရွာ၌ နေ့လည်ပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း တက္ကနာမြို့ ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ် နယ်စပ်မြို့ မောင်တော၌ စိတ်ကြွဆေးတပြားသည် ကျပ် ၁၅ဝဝ မှ ၂ဝဝဝ အထိ ပေါက်ဈေးရှိပြီး၊ ဘင်္ဂလားဒေ့ခ်ျ နယ်စပ်မြို့ တက္ကနာ၌ ၂ဝဝ တာကာ (ကျပ် ၃ဝဝဝ) နှင့် စစ်တကောင်းတွင် ၃၅ဝ တာကာ (ကျပ် ၅၂၅ဝ) နှင့် ဒါကာမြို့၌ တာကာ ၄ဝဝ ကျော် (ကျပ် ၆ဝဝဝ ကျော်) အထိ ပေါက်ဈေး ရှိနေသည်။ နယ်စပ်တွင် နှစ်နိုင်ငံ ငွေလဲနှုန်းသည် ၁ တာကာလျှင် ၁၅ ကျပ် ဖြစ်သည်။

စိတ်ကြွဆေးပြား ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ခ်ျ၌ ဥပဒေပုဒ်မ သီးခြားပြဋ္ဌာန်းထားခြင်း မရှိဘဲ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုဖြင့် တရားစွဲခံရမည်ဖြစ်ကာ အနိမ်ဆုံး ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ် တသက်အထိ ကျခံရနိုင်သည်။

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1630 guests online