စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > မြန်မာသို့ တင်သွင်းမည့် တရုတ်ကားများ နယ်စပ်ရောက်

မြန်မာသို့ တင်သွင်းမည့် တရုတ်ကားများ နယ်စပ်ရောက်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရွှေလီ (မဇ္ဈိမ) ။    ။ မြန်မာနိုင်ငံသို့ တင်သွင်းမည့် တရုတ်နှင့် ဂျာမဏီ နှစ်နိုင်ငံ ဖက်စပ် ထုတ်လုပ်သော ဆလွန်းကား အစီးရေ ၃၀ ခန့် ယမန်နေ့မှ စတင်၍ တရုတ်နယ်စပ်မြို့ ရွှေလီသို့ ရောက်ရှိလာသည်။

မူဆယ် ကုန်သွယ်ရေး လမ်းကြောင်းမှ တင်သွင်းမည့် ဂျာမဏီနိုင်ငံ ဗောက်ဝက်စ်ဂွန် (volkswagon) ကုမ္ပဏီ တံဆိပ်ပါ ဆလွန်းကားများကို တရုတ်ယာဉ်မောင်းများက ယမန်နေ့နှင့် ယနေ့တွင် နှစ်သုတ်ခွဲ၍ သယ်ဆောင်လာခြင်း ဖြစ်သည်။

အဝါရောင်နှင့် အဖြူရောင် နှစ်မျိုးပါ ကားများကို မြန်မာဘက်သို့ မပို့မီ သန့်ရှင်းရေးလုပ်ရန် ရွှေလီသို့ ခေတ္တ ရောက်ရှိလာကာ မူဆယ် တဖက်ကမ်း ကျယ်ဂေါင်သို့ ဆက်လက် မောင်းနှင်သွားသည်။

တန်ဖိုးအားဖြင့် တစီးလျှင် တရုတ်ယွမ် ၆ သောင်းဝန်းကျင် (မြန်မာငွေ ကျပ် သိန်း ၁၀၀ ခန့်) ရှိမည်ဟု ကားကျွမ်းကျင်သူတဦးက ခန့်မှန်းသည်။

လွန်ခဲ့သည့် ၅ နှစ်ခန့်မှ စတင်၍ အစီးရေ ရာချီရှိသော တရုတ်လုပ် စစ်ထရပ်ကားများနှင့် ခရီးသည်တင် ဘတ်စ်ကားများလည်း တင်သွင်းခဲ့သေးသည်။

နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများမှ ကားတင်သွင်းခွင့် ပါမစ်ကို မြန်မာ့ စီးပွားရေး ဦးပိုင်နှင့် ဦးတေဇ၏ ထူးထရိတ်ဒင်း ကုမ္ပဏီကဲ့သို့ စစ်အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီများက ရရှိထားကြောင်း သိရသည်။


 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1628 guests online