စနေ, ၂၅ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > လွတ်လပ်ရေး သက်တမ်းအတွင်း ပထမဆုံး မွန်ပါတီရုံး သထုံမှာဖွင့်

လွတ်လပ်ရေး သက်တမ်းအတွင်း ပထမဆုံး မွန်ပါတီရုံး သထုံမှာဖွင့်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

စံခလပူရီ (မဇ္ဈိမ) ။      ။ သမိုင်းဝင် ရှေးဟောင်းမြို့တမြို့ဖြစ်သည့် သထုံမြို့သည် မွန်ပြည်နယ်အတွင်းမှ အထင်ကရ မြို့ကြီးတမြို့ဖြစ်သော်လည်း မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ပထမဆုံးသော မွန်နိုင်ငံရေးပါတီရုံးတခုကို အင်္ဂါနေ့ကမှ ဖွင့်လှစ်နိုင်ခဲ့သည်။

သထုံဒေသတွင် ပြန့်ကျဲနေသည့် မွန်တိုင်းရင်းသားများကို ပြန်လည် စုစည်းရန်နှင့် မွန်နိုင်ငံရေး အဖွဲ့အစည်းတွင် ပါဝင်လာနိုင်ရန်အတွက် သထုံမြို့၊ ပေါ်တော်မူကျေးရွာ၌ မွန်ဒီမိုကရေစီပါတီ MDP ရုံးကို ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။

“သထုံဟာ အရင်က မွန်တွေ အမြတ်တနိုး ထားတဲ့ ရှေးဟောင်းမြို့တော် ဖြစ်တယ်။ ဒါပေမယ့် မွန်တွေ သိပ်မရှိတော့ ဘူး။ ခြောက်ရွာ၊ ခုနစ်ရွာလောက်ပဲ ရှိတယ်။ သူတို့ကို ပြန်ပြီး စုစည်းဖို့နဲ့ မွန်နိုင်ငံရေးမှာ ပါဝင်လာဖို့ သထုံဒေသမှာ ကျနော်တို့ ရုံးဖွင့်ရခြင်း ဖြစ်တယ်” ဟု MDP ဗဟိုအလုပ်အမှုဆောင် နိုင်စိုးမြင့် က ပြောသည်။

သထုံဒေသတွင် အများဆုံးနေထိုင်သည့်လူမျိုးများမှာ ဗမာနှင့် ပအိုဝ်းလူမျိုးများဖြစ်ပြီး မွန်နှင့် ကရင်လူမျိုးများမှာ ၎င်းတို့လောက် မများတော့ပေ။

ရုံးဖွင့်ပွဲကို ဥက္ကဋ္ဌ နိုင်ငွေသိမ်း၊ ဒု-ဥက္ကဋ္ဌ နိုင်သက်လွင်တို့ ဦးဆောင်ပြီး ပါတီဝင်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ကရင်ပြည်သူ့ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီနှင့် ကြံ့ခိုင်ရေးပါတီတို့မှ ကိုယ်စားလှယ်များ စုစုပေါင်း ၂၅ဝ ကျော် တက်ရောက်ခဲ့ကြသည်။

MDP သည် ၁၉၉ဝ ရွေးကောက်ပွဲတွင် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (MNDF) အမည်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ကိုယ်စားလှယ် ၅ ဦး အနိုင်ရခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ပါတီ ခေါင်းဆောင်များ ဖမ်းဆီးထိန်းသိမ်းခံရပြီး ၁၉၉၂ ခုနှစ် တွင် ယခင်စစ်အစိုးရ၏ ဖျက်သိမ်းခြင်းကို ခံရသည်။

၂ဝ၁ဝ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို လက်မခံသဖြင့် ပြန်လည်မှတ်ပုံတင်ခြင်း မပြုဘဲ ထိုဥပဒေကို
ပြင်ဆင်ပြီးနောက် ၂ဝ၁၂ ခုနှစ် ဧပြီလတွင်မှ MDP အမည်ဖြင့် ပြန်လည်မှတ်ပုံတင်ကာ မှတ်ပုံတင်အမှတ် (၅၈) ဖြင့် ဇူလိုင်လ ၁ဝ ရက်နေ့တွင် မှတ်ပုံတင်ခွင့် ရခဲ့သည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 109 guests online