ဗုဒ္ဓဟူး, ၁၉ ဇွန် ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > စစ်တွေထောင်လွတ်မြောက်မှု ဘင်္ဂလားဒေ့ရှ့်နိုင်ငံသား အများဆုံးပါဝင်

စစ်တွေထောင်လွတ်မြောက်မှု ဘင်္ဂလားဒေ့ရှ့်နိုင်ငံသား အများဆုံးပါဝင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

စစ်တွေ (မဇ္ဈိမ) ။        ။ စစ်တွေထောင်မှ အကျဉ်းသား ၁၆၆ ဦး တနင်္လာနေ့တွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်
ဖြင့် ပြန်လည်လွှတ်ပေးရာ လွှတ်မြောက်မှုတွင်း ဘင်္ဂလားဒေ့ရှ့်နိုင်ငံသား ၁၁၄ ဦးဖြင့် အများဆုံးဖြစ်ပြီး လူဝင်မှု ကြီးကြပ်ရေးဝန်ထမ်း ၃ ဦးပါဝင်သည်။

အဆိုပါ နိုင်ငံခြားသားများကို လဝကသို့လွှဲပြောင်းပြီး ပြည်နှင်မိန့် မရမီ ၁၉၅၁ ခုနှစ် ချုပ်နှောင်ခြင်းနည်းဥပဒေ-၂(၁)/၂(၂) အရ အကျဉ်းထောင်၌ ခေတ္တချုပ်နှောင်ထားဆဲ ဖြစ်သည်။

ယင်းအပြင် ရခိုင်ပဋိပက္ခအတွင်း ညမထွက်မရ အမိန့်ကိုကျူးလွန်သူ ၆၁ ဦးအနက် ၄၈ ဦးကိုလည်း ပြန်လည်လွှတ်ပေး လိုက်သည်။ ထိုသူများမှာ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မဟုတ်ဘဲ အယူခံဖြင့် ပြန်လည် လွတ်မြောက်လာကြ
ခြင်းဖြစ်သည်။ ထိုသူများထဲမှ ၁၃ ဦး ကျန်ရှိနေသေးသည်။
sittawparsion
လက်ရှိ ရခိုင်ပြည်နယ်တွင် စစ်တွေ၊ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊သံတွဲ မြို့နယ် တို့တွင် ညမထွက်ရအမိန့်ကို ညနေ ၇နာရီ မှ မနက် ၅ နာရီထိ ထုတ်ပြန်ထားဆဲဖြစ်ကာ လာမည့်အောက်တိုဘာ ၁ဝ ရက်နေ့တွင် ပြင်ဆင် ရုပ်သိမ်းခြင်းကိုသက်ဆိုင်ရာက ပြန်လည်သုံးသပ် သွားမည်ဖြစ်ကြောင်းသိရှိရသည်။

အကျဉ်းသား ၅၁၄ ဦးကို နိုင်ငံတော်သမ္မတက ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း စက်တင်္ဘာ ၁၆ ရက်
နေ့တွင်ကြေညာအပြီးပုဒ်မ ၄ဝ၁(၁)ကိုလက်မှတ်ရေးထိုး၍ယခုကဲ့သို့ ပြန်လည်လွတ်မြောက်လာ ကြခြင်းဖြစ်သည်။

ပုဒ်မ ၄ဝ၁ (၁) အရ လွှတ်ပေးလိုက်ခြင်းဖြစ်၍ လွတ်မြောက်လာသူများအနေနှင့် ပြစ်မှုတစုံတရာ ထပ်မံကျူးလွန်ပါက
ပြန်လည်ဖမ်းဆီးခံရကာ ကျန်ရှိပြစ်ဒဏ်များကို ပြန်လည် ကျခံရမည်ဖြစ်သည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 134 guests online