ကြာသပတေး, ၂၃ မေ ၂၀၁၃

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ဂျပန်ရင်းနှီးမြုပ်နှံမှုကုမ္ပဏီများကို အထောက်အပံ့ပေးရန် စင်တာထောင်

ဂျပန်ရင်းနှီးမြုပ်နှံမှုကုမ္ပဏီများကို အထောက်အပံ့ပေးရန် စင်တာထောင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။        ။ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြုပ်နှံမည့်လုပ်ငန်းများနှင့် ရင်းနှီးမြုပ်နှံလိုသူ များကို အထောက်အကူပေးနိုင်ရေးအတွက် JETRO ရန်ကုန် ၏ Business Support Center (BSC) ကို သြဂုတ်လ ၃၁ ရက်နေ့ ညက ဆီဒိုးနား ဟိုတယ်တွင် ဖွင့်လှစ်ခဲ့သည်။

ယင်း Business Support Center သည် မြန်မာနိုင်ငံမှ ဖွင့်လှစ်ခဲ့သော Business Support Center သည် ခုနှစ်ခုမြောက် ဖြစ်ပြီး ထိုင်းနိုင်ငံ၊ အန္ဒိယနိုင်ငံ၊ ဗီယက်နမ်နှင့် ဖိလပိုင်င်္နိုင်ငံများတွင်လည်း ဖွင့်လှစ်ထားရှိကြောင်းနှင့်  JETRO မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို BSC များ ကို ဂျပန် ကုမ္ပဏီ ၅၆ဝ ကျော် အသုံးပြုနေပြီး ၆ဝ ရာခိုင်နှုန်းခန့် သက်ဆိုင်ရာနိုင်ငံ လုပ်ငန်းနယ်ပယ် တွင် အောင်မြင်စွာ ရင်းနှီးမြှုပ်နှံနိုင်ခဲ့ကြောင်း JETRO က ထုတ်ပြန်သည်။

ထို JETRO ၏ Business Support Center ကို နှစ်နိုင်ငံ သဘောတူညီမှုများအရ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး  မြန်မာနိုင်ငံ အတွက် ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှု အားပေးရေး အစီအစဉ်တစ်ရပ်ဖြစ်မည်ဟု ယုံကြည်ကြောင်း ရန်ကုန်တိုင်း
ဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေက ပြောသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 66 guests online