ပရော်ဖက်ရှင်နယ် ဘောလုံးသမားဖြစ်ဖို့ အိပ်မက်တွေ ပြိုလဲသွားတဲ့ အူစိန်ဘော့စ်

By မျိုးထွန်းနိုင်
02 November 2018
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဖြစ်ဖို့ အိပ်မက်တွေ ပြိုလဲသွားတဲ့ အူစိန်ဘော့စ်

ဆစ်နဒီ၊ နိုဝင်ဘာ ၂ ။         ။ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ ဂျာမေကာနိုင်ငံသား ကမ္ဘာ့အပြေးချန်ပီယံ အူစိန်ဘော့စ်ရဲ့ အိပ်မက်တွေဟာ သောကြာနေ့မှာ ပြိုလဲအဆုံးသတ်ခဲ့ပြီလို့ သိရပါတယ်။

သြစတြေးလျကလပ် မာရီနာအသင်းမှာ ပရိုဘောလုံးသမားဖြစ်ဖို့ လာရောက်လေ့ကျင့်နေတဲ့ အူစိန်ဘော့စ်ဟာ ပထမဆုံး ပွဲဦးထွက်ပွဲစဉ်မှာပဲ မာရီနာအသင်းအတွက် သွင်းဂိုးနှစ်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း မာရီနာအသင်းမှာ ကစားသမားဘဝကို စတင်နိုင်ဖို့အတွက် သူ့ရဲ့ ခြေစွမ်းပိုင်းကို မာရီနာအသင်းက မေခွန်း ထုတ်ခဲ့ပြီး ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုဖို့အတွက်လည်း စပွန်ဆာကိစ္စနဲ့ ငွေကြေးပြသနာတချို့က ရှိနေခဲ့ပါ တယ်။ သည့်နောက် နိုဝင်ဘာ ၂ ရက် နေ့မှာတော့ မာရီနာအသင်းက အူစိန်ဘော့စ်နဲ့ လေ့ကျင့်ရေး အစီအစဉ် တွေ အဆုံးသတ်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။

“မာရီနာအသင်းပိုင်ရှင်အပါအဝင် ရုံးအဖွဲ့ဝန်ထမ်းတွေနဲ့ ကစားသမားတွေ ပရိသတ်တွေအားလုံးကို ကျေးဇူး တင်ပါတယ်။သူတို့က ကျွန်တော့်ကို ဝမ်းသာအားရ ကြိုဆိုခဲ့ကြပါတယ်။ ရာသီအသစ်မှာ မာရီနာအသင်းအနေနဲ့ အောင်မြင်မှုတွေ ရရှိနိုင်ပါစေလို့ ဆုတောင်းပါတယ်”လို့ အူစိန်ဘော့စ်က ဆိုပါတယ်။

အိုလံပစ်ချန်ပီယံဆုကို ၈ကြိမ်တိုင် ဆွတ်ခူးထားတဲ့ ဘော့စ်ဟာ သြစတြေးလျနိုင်ငံ အေလိဂ်က မာရီနာကလပ် အသင်းကို ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ခြေစွမ်းစစ်ဆေးဖို့ ရောက်ရှိခဲ့တာဖြစ်ပါတယ်။သူဟာ အပြေးချန်ပီယံ တစ်ယောက်ဖြစ်ပေမယ့် ငယ်စဉ်ကတည်းက ဘောလုံးသမားတစ်ယောက် ဖြစ်ချင်တဲ့ သူ့ရဲ့ဆန္ဒတွေကို အသက် ၃၂ အရွယ်ရောက်မှ အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

အူစိန်ဘော့စ်ဟာ အိုလံပစ်ကစားသမားဘဝကို ပြီးခဲ့တဲ့နှစ်က အနားယူခဲ့ပြီး ဂျာမနီ၊ တောင်အမေရိက၊ နော်ဝေ အစရှိတဲ့ နိုင်ငံတွေက ကလပ်အသင်းတွေမှာ လေ့ကျင့်ခန်းတွေပြုလုပ်ခဲ့ဖူးပါတယ်။

Mizzima Weekly

Tags