လက်ယာစွန်းဝါဒီ ဘော်ဆိုနာရိုက ဘရာဇီးရွေးကောက်ပွဲမှာ သမ္မတအဖြစ် ရွေးကောက်ခံရ

လက်ယာစွန်းဝါဒီ ဘော်ဆိုနာရိုက ဘရာဇီးရွေးကောက်ပွဲမှာ သမ္မတအဖြစ် ရွေးကောက်ခံရ

ဆော်ပေါလို၊ အောက်တိုဘာ ၂၉ ။           ။ လက်ယာစွန်းဝါဒီဖြစ်ပြီး စစ်သားဟောင်းတစ်ဦးလည်း ဖြစ်တဲ့ ဂျယားဘော်ဆိုနာရိုဟာ အောက်တိုဘာ ၂၈ ရက်က ဘရာဇီးနိုင်ငံ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိသွားပါတယ်။

လက်တင်အမေရိကရဲ့ အကြီးဆုံးနိုင်ငံဖြစ်တဲ့ ဘရာဇီးမှာ လက်ဝဲဝါဒီကိုယ်စားလှယ်လောင်း ဖာနန်ဒိုဟက်ဒက်အပေါ် ဘော်ဆိုနာရိုရဲ့ အောင်မြင်မှုဟာ နိုင်ငံကို လက်ယာဝါဒနဲ့ အုပ်ချုပ်သွားဖို့ကို ဦးတည်စေတော့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အမျိုးသမီးတွေ၊ လိင်တူဆက်ဆံသူတွေနဲ့ လူမည်းတွေကို အပုပ်ချပြောဆိုတတ်တဲ့ ဘော်ဆိုနာရိုကြောင့် စိုးရိမ်ပူပန်စရာတွေလည်း ရှိနေရပါတယ်။

အောက်တိုဘာ ၂၈ ရက် ရွေးကောက်ပွဲမှာ ဘော်ဆိုနာရိုဟာ မဲရလဒ် ၅၅ ရာခိုင်နှုန်းနဲ့ မဲရလဒ် ၄၅ ရာခိုင်နှုန်းပဲ ရရှိတဲ့ အလုပ်သမားပါတီက ဟတ်ဒက်ကို အနိုင်ရခဲ့တာပါ။

မဲဆွယ်စည်းရုံးရေးကာလမှာ ဘော်ဆိုနာရိုဟာ အကျင့်ပျက်ခြစားမှုတွေကို အမြစ်ဖြတ်ပစ်မှာဖြစ်ပြီး  နိုင်ငံမှာ ရာဇဝတ်မှု ထူပြောနေခြင်းကိုလည်း လျှော့ချပစ်မယ်လို့ ကတိကဝတ်ပြုထားပါတယ်။

ဘော်ဆိုနာရိုရဲ့ အောင််မြင်မှုဟာ ၂၀၀၃ ခုနှစ်ကနေ ၂၀၁၆ အထိ နိုင်ငံကို ၁၃ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ လက်ဝဲယိမ်း အလုပ်သမားပါတီအစိုးရရဲ့ အုပ်ချုပ်မှုကို အဆုံးသတ်စေပြီး လက်ယာဝါဒနဲ့ ရှေ့ဆက်သွားဖို့ ဖြစ်လာတော့တာပဲ ဖြစ်ပါတယ်။